California ရှိ San Diego တွင် zombie များကဲ့သို့ ပြင်ဆင်ပြီး လူစုလူဝေးဖြင့် လမ်းလျှောက်နေစဉ် အမျိုးသား တစ်ဦးသည် ကားဖြင့်ဝင်တိုက်ခဲ့မိရာ အမျိုးသမီးတစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရသွားခဲ့ ပါတယ်။
ပြီးခဲ့တဲ့ July တုန်းက နှစ်ပတ်လည် Comic-Con ပွဲမှာ ယာဉ်တိုက်ပြီး ထွက်ပြေးခဲ့တဲ့ အမှုနဲ့ Matthew Pocci သည် နောက်လမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Pocci ၏ ပြောကြားချက်အရ သူ့ကား ထဲက ကလေးတွေက ကားနားက Zombie ပုံစံ လိမ်းခြယ်ပြင်ဆင် ထားတဲ့ လူတွေ ကို မြင်ပြီး ကြောက် လန့် ကာ အော်လိုက်တဲ့အသံကြောင့် သူလန့်ဖျပ်ပြီး တိုက်ခဲ့ မိ တာဖြစ် ပါတယ်။
သူ့ကားရဲ့ ဟွန်းသံကြောင့် လမ်း သွားလမ်းလာတွေလည်း တစ်စစီ လူစုကွဲသွားခဲ့ပါတယ် လို့ ရဲ က ပြော ခဲ့ပါတယ်။
Pocci သည် အကြား အာရုံ ချို့ယွင်းနေတဲ့သူ တစ်ဦးဖြစ်ပြီး အသက် ၆၄နှစ် အရွယ် အမျိုး သမီးကြီးကို ကားဖြင့် ဝင်တိုက် ခဲ့မိပါတယ်။
သူ့ရဲ့ ရှေ့နေဖြစ်တဲ့သူကတော့ သူဟာ ကြောက်လန့်ပြီး မတော် တဆတိုက်ခဲ့မိတာပါ လို့ ရဲတွေ က ဖြောင့်ချက်ပေး ခဲ့ပါကြောင်း ပြောပြခဲ့ပါတယ်။
ဒီ Zombie လမ်းလျှောက် ပွဲကြီးဟာ ရဲတွေက ခွင့်ပြုပေး ခဲ့ တဲ့ပွဲလည်း မဟုတ်ခဲ့ပါဘူး။
Credit : http://news.sky.com
0 comments:
Post a Comment