Powered by Blogger.

တူရကီ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဗုံးခွဲရန် ခြိမ်းခြောက်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရ


တူရကီ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဟာ ဗုံးခွဲရန် ခြိမ်းခြောက်ခံရပြီးတဲ့နောက်မှာ အရေးပေါ် ဆင်း သက်မှု တစ်ခုကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ Flight TK15 လို့အမည်ရတဲ့ လေယာဉ်ဟာ တူရကီ နိုင်ငံ အစ်စတန်ဘူ မြို့ကနေ ဘရာဇီးလ်နိုင်ငံ ဆာအိုပေါ်လိုမြို့ကို ပျံသန်းနေစဉ်မှာ ဗုံးတစ် လုံး လေ ယာဉ်ပေါ်မှာ ပါလာတယ်ဆိုတဲ့ သတင်းကြောင့် မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာ မြို့မှာ အရေးပေါ် ဆင်း သက်ခဲ့ရပါတယ်။
 Flight TK15 ဟာ ပြည်တွင်းစံတော်ချိန် မနက် ၉ နာရီခွဲ ခန့်တွင် စတင် ထွက်ခွာခဲ့ပြီး လေယာဉ်ပျံ သန်းနေ စဉ် လေယာဉ်ပေါ်ရှိ အိမ်သာ တံခါးတွင် “ဗုံး” လို့ရည်ညွှန်းထားတဲ့ စာတစ်စောင်ကို တွေ့ရတဲ့အတွက် ချက် ချင်း အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ အခုလို တူရကီလေကြောင်းလိုင်းကုမ္မဏီ အတွက် ဗုံးနဲ့ ပတ် သက်ပြီး ခြိမ်းခြောက်ခံရတာ ဒုတိယ အကြိမ်မြောက်ဖြစ်ပါတယ်။
 မနေ့ကလည်း တူရကီလေကြောင်းလိုင်းရဲ့ Flight TK52 လေယာဉ်ဟာ အစ်စတန်ဘူမြို့မှ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ပျံသန်းနေစဉ် အချိန်ကိုက်စီဖိုးဗုံး တစ်လုံး လေယာဉ် ပေါ်ပါလာတယ်ဆိုတဲ့ အသိပေး စာ တစ်စောင်ကို ရရှိခဲ့တာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါသေးတယ်။ ထို ခြိမ်းခြောက်မှုတွေဟာ အစစ် အမှန် ဟုတ်မဟုတ်ကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment