Powered by Blogger.

Tinder မှာ ယောင်္ကျားတွေ အချင်းချင်း ဘယ်လိုတွေပြောကြတယ်ဆိုတာ Hack ခဲ့


Tinder dating app ကို အသုံးပြုနေသော အမျိုးသားများသည် အမျိုးသမီးများနှင့် စကားပြောဆိုရုံ သာမက သူတို့ အချင်းချင်းလည်း ပြောဆို ဆက်ဆံနေကြတာကို Programmer တစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ California အခြေစိုက် hacker တစ်ယောက်သည် အမျိုးသားတွေ အချင်းချင်း ဘယ်လို ပြောဆို ဆက်ဆံကြတယ်ဆို တာကို သိရဖို့အတွက် Tinder API ကို ခေတ္တခဏ ပြောင်းလဲခဲ့ပါတယ်။ ထို hacker ၏ အမည်မှာ Patrick ဟု သိရပြီး Verge website ကို ပြောပြခဲ့သော အချက်အလက်များ အရ သူရဲ့ အတွေးမှာ အမျိုးသားတွေ အချင်းချင်း ဘယ်လို ဆက်ဆံခဲ့တယ်ဆိုတာ ကို မြင်တွေ့ ရဖို့အတွက် ရည်ရွယ်တာဖြစ်ကြောင်း သိရပါတယ်။ 
ပထမဆုံး ၁၂နာရီ အတွင်းမှာ သူ့အနေဖြင့် စာကြောင်းရေ ၄၀ခန့်ကို ရှာဖွေနိုင် ခဲ့သော်လည်း ထိုစကားပြောများ ကို မဖော်ထုတ်ခဲ့ပါ။ အမျိုးသားများ အချင်းချင်း ဖုန်းနံပါတ် များ ပေးကြပြီး ထိုနံပါတ်များကို အသုံးပြုကာ တွေ့ဆုံပွဲ လုပ်ဖို့ စီစဉ်ကြမယ်လို့လည်း သူထင်ခဲ့ပါတယ်။ ထို စကားပြောများထဲမှ အချို့သော စကားပြောများကို အွန်လိုင်းပေါ်တွင် တင်ခဲ့ပြီး ရုပ်ပုံနှင့် နာမည်များကို ပယ်ဖျက်ပေးထားပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment