Powered by Blogger.

ရဲဝန်ထမ်း ၀တ်စုံ အတုကိုဝတ်ဆင်ခဲ့တဲ့ ကျောင်းသား အဖမ်းခံခဲ့ရ


ရဲဝန်ထမ်း ၀တ်စုံကိုဝတ်ဆင်ကာ ID အတုနဲ့ လက်နက် အတုတွေကို ကိုင်ဆောင်ပြီး ဈေးထဲက သူခိုးတွေကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားလေး တစ်ယောက်ဟာ အဖမ်းခံ လိုက်ရရှာတယ်လို့ သိရပါတယ်။ ဒုစရိုက်သမား တွေကို နှိမ်နင်းနိုင်တဲ့ လူ တစ်ယောက်ဖြစ်ချင်နေတဲ့ အသက် ၁၆ နှစ်အရွယ် Wang Shih ဆိုသူဟာ ရဲကားနဲ့ တူအောင် ဖန်တီးထားတဲ့ ကားတစ်စီး ကိုမောင်းနှင် လာပြီး ရဲဝန်ထမ်း ၀တ်စုံကို လည်းဝတ် ဆင်လေ့ရှိပါတယ်။ 
ထို ဆယ်ကျော်သက် လူငယ်ဟာ သူနေထိုင်ရာ ရပ်ကွက် ထဲမှာလည်း တာဝန်သိ ပြည်သူ တစ်ယောက် အနေနဲ့ ဒုစရိုက်မှုတွေကို ဖမ်းဆီးရာမှ အကြိမ်ကြိမ် ကူညီခဲ့ ဖူးတယ်လို့ သိရပါတယ်။ အဲဒီလို ရဲဝန် ထမ်းဖြစ် ချင်နေတဲ့ လူငယ်လေးဟာ သူ့ကို တရုတ်နိုင်ငံ Shijiazhuang မြို့မှာ တစ်ကယ့် ရဲ အစစ်တွေရဲ့ ဖမ်းဆီးခြင်း ကိုခံခဲ့ရပါတယ်။ အဖမ်းခံရတဲ့ အကြောင်းအရင်း ကတော့ ထိုလူငယ်ဟာ ရဲ ကား အတု ကို မောင်းနှင် လာ ပြီး ရဲဝန်ထမ်း ယူနီဖောင်းအတု ကို ၀တ်ဆင်ထားသလို သူ့ ရဲ့ ကားထဲမှာလည်း လက် ထိပ် နဲ့ မွမ်းမံ ထား တဲ့ သေနတ်တစ်လက် ကိုတွေ့  ရှိခဲ့လို့ပါပဲ။
 ရဲတွေက စုံစမ်းကြည့်လိုက်တဲ့ အခါမှာတော့ ထိုလူငယ်ဟာ နယ်မြေလုံခြုံရေး အဖွဲ့ ၀င် တစ်ယောက်ဖြစ်နေ တဲ့ အတွက် အရေးယူခြင်းမပြုပဲ ပြန်လွှတ်ပေးလိုက်ပြီး ရဲဝန်ထမ်း အသုံး အဆောင် အ တု တွေ အသုံးပြုခြင်း အတွက်တော့ တားမြစ်ခံခဲ့ရပါတယ်။ ထိုလူငယ်လေးဟာ ရဲဝန်ထမ်းဖြစ်ချင်တဲ့ ဆန္ဒရှိပေမယ့် လည်း အသက်မပြည့်သေးတဲ့ အတွက် ရဲတပ်ဖွဲ့ လက်မခံခဲ့ ဘူးလို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment