Powered by Blogger.

ဆိုးသွမ်းသော ကောင်ကလေး Toy Machine ထဲမှာ ပိတ်မိ


တောင်ကိုရီးယား တွင် နေထိုင်သော လီ ဟု ခေါ်သော ကလေးငယ်သည် သူကျောင်းသွား ကျောင်းပြန် လုပ် ရာ လမ်းရှိ ကစားစရာ စက်အတွင်းရှိ ဆုများကို လိုချင်သဖြင့် ထို စက်အတွင်းသို့ တွယ်တက် ဝင်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်က သူဟာ စက်ကိုရပ်အောင် လုပ်ပြီး အရုပ်ကို ရအောင်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အသက် ၇နှစ် အရွယ်သာ ရှိသေးသော ထို ကလေးငယ်သည် သူ့အနေဖြင့် ထိုစက် အတွင်း သို့ ဝင်ရောက်ပြီး ကစားစရာများကို ရယူနိုင်မယ်လို့ ယုံကြည်ထားပုံ ရပါတယ်။ 
ထို့ကြောင့်လည်း ထိုစက်အတွင်း တွယ်ဖက်တက်ကာ ဝင်ရောက် ခဲ့တာ ဖြစ် ပါ တယ်။ ဖြတ်သွားဖြတ်လာ လူတစ်ယောက်က မြင်တွေ့သဖြင့် အရေးပေါ် ကယ်ဆယ်ရေးကို ဖုန်းဆက်ကာ ခေါ်ယူခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့သားများ အနေဖြင့်လည်း ထို ကလေးငယ်သည် စက်အတွင်းတွင် အရုပ် များဖြင့် ပျော်ရွှင် စွာ ဆော့ကစားနေ သည်ကို တွေ့  ရသဖြင့် အံ့သြခဲ့ရပါတယ်။ ထို့နောက်တွင် စက်၏ လော့ခ်ကို ဖျက်ကာ အတွင်းရှိ ကလေးကို အပြင်ထုတ်ယူနိုင်ခဲ့ပါတယ်။ ထိုကလေးငယ်သည် စက်အတွင်း မိနစ် ၂၀ ခန့် ဆော့ ကစားခဲ့ပြီး ဒဏ်ရာရရှိခြင်းလည်း မရှိခဲ့ပါ။ 
ထို့နောက်တွင်မူ ကျောင်းသို့ ပို့ပေးခဲ့ပါတယ်။ ကျောင်းရှိ စည်းကမ်းထိန်းသိမ်းရေး မှလည်း ထိုကလေးငယ် သည် အလွန် အဆော့သန်ကြောင်း ပြောကြားခဲ့ပြီး အရုပ်စက် အတွင်းမှ အရုပ်ယူလို့ မရပါက လက်လျော့ သွားခြင်း သို့မဟုတ် စက်ကို ကန်ကြောက်ခြင်း မျှသာ လုပ်တတ်သော်လည်း လီ မှာမူ အရုပ်လို ချင်သောကြောင့် စက် အတွင်း မရောက်ရောက်အောင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment