Powered by Blogger.

ကလေးများနှင့် သက်ကြီးပိုင်းများဟာ ဝေဒနာခံစားမှုမှာ တူညီ


မွေးကင်းစ ကလေးငယ်တွေရဲ့ ဝေဒနာ ခံစားရမှုကို ခွဲခြမ်းစိတ်ဖြာရန် အတွက် MRI ကိုအသုံးပြု ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး လေ့လာမှု အရ ကလေးငယ်တွေဟာ သက်ကြီးပိုင်းများကဲ့သို့ပင် ဝေဒနာခံစားရကြောင်း ရှာဖွေတွေ့ ရှိခဲ့ကြပါသည်။ ဦးနှောက် ဓာတ်မှန် ရိုက်ချက်တွေ အရ ကလေးငယ် များ၏ ဦးနှောက် သည် ဝေ ဒ နာတစ်ရပ်ကို လူကြီးများကဲ့သို့ပင် တုံ့ပြန်ကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်မှ အတည်ပြု ခဲ့ ပါသည်။ ကလေးငယ် များ၏ ဦးနှောက်သည် နာကျ ဉ်မှု တစ်ရပ်ကိုတွေ့ကြုံ သိရှိပုံခြင်းမှာ လူကြီးများနှင့် တူရုံ သာမက တုံ့ပြန်မှုမှာ ပို၍နည်းပါသည်။ 
လှုပ်နှိုးမှုတစ်ရပ်ကို လူကြီးများက (512mN) ဖြင့်တုံ့ပြန်ချိန်တွင် ကလေးငယ်များက (128mN) ဖြင့်တုံ့ပြန် သဖြင့် လူကြီးများ က လေးဆ များ ပါသည်။ ကလေးငယ်များ၏ ဦးနှောက်မှာ လုံလောက်စွာဖွံ့ဖြိုးမှု မရှိသေး သဖြင့် နာကျဉ်မှု တစ်ရပ်ကို မခံ စားနိုင်ဟု အချို့သော သူများက အငြင်းပွားနေစဉ် ယခုလေ့လာမှုသစ် အရ တစ်ပတ်အောက်ငယ်သော ကလေးငယ်များဟာ အခြားကလေးငယ်များ ထက်ပင် ပိုမို တုံ့ပြန်ခံ စားမှု ရှိကြောင်း ကို တွေ့ရှိရပါသည်။
အလားတူ စနစ် များနှင့်ပင် ကလေးငယ်များ၏ “နာကျဉ်မှုလက္ခဏာ” ကို သိရှိနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း Dr. Slater ကပြောကြားခဲ့ပါသည်။ ထို့သို့သိရှိခြင်းဖြင့် နာကျဉ် မှုကို ကုသပေးနိုင်ခြင်း၊ စကားမပြောနိုင်သော ကလေးငယ်များ အတွက် အထိရောက်ဆုံးသော ကုသ နည်း ကို သိရှိလေ့လာနိုင်မည်ဟု မျှော်လင့်ရပါသည်။ 


Credit : http://www.business-standard.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment