Powered by Blogger.

အီဘိုလာဆေးအသစ် မျောက်တွေပေါ်ကဗိုင်းရပ်စ်ကိုရှင်းနိုင်ပြီ


စမ်းသပ် အီဘိုလာဆေးတစ်မျိုးဟာ အီဘိုလာဗိုင်းရပ်စ် ရှိသောမျောက် သုံးကောင်ကို ရှင်းရှင်းလင်းလင်း ကုသလိုက်နိုင်ပြီဖြစ်ကြောင်း Nature မဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်။ ဒါတိုးတက်မှု အဆင့်ဟာ ၂၀၁၄ခုနှစ်နဲ့ ၂၀၁၅ခုနှစ် အတွင်း အနောက် အာဖရိကမှာ လူပေါင်း တစ်သောင်းကိုသေစေခဲ့တဲ့ အီဘိုလာရောဂါ ကိုတိုက် ဖျက်နိုင်လိုက်တဲ့ ပထမ ဆုံးအောင်မြင်မှုလို့ လည်းမှတ်ယူနိုင်ပါတယ်။ စမ်းသပ်အီဘိုလာဆေးဟာ ယခု ကုသမှု မှာအောင်မြင်စွာ ကုသနိုင်ခဲ့တယ် ဆိုပေမဲ့ နောက်တစ်ခုမှာ ကုသနိုင်မယ်ဆိုတာကို ကျွန်တော် တို့ သေချာမပြောနိုင်ပါဘူး။
မျိုးရိုးဗီဇ လုံးဝထပ်တူ ညီတယ် ဆိုရင်တောင် မသေချာပါဘူး။” လို့ လေ့လာမှုရဲ့ အကြီးတန်း ကျမ်းပြု သူ Thomas Geisbert ကပြောခဲ့ပါတယ်။ အီဘိုလာရောဂါရှိ တဲ့ မျောက် ၆ကောင် အနက် ၃ကောင်ကို Tekmira Pharmaceuticals ကော်ပိုရေးရှင်းက ထုတ်တဲ့ဆေးနဲ့ ကုသခဲ့ ရာမှာ အီဘိုလာ ဗိုင်းရပ်စ် အမြောက် အများ ရှိတဲ့ ၄င်းတို့ ရဲ့  သွေးတွေဟာ လုံးဝ သန့်စင်သွားပြီး မကုသတဲ့ ကျန်သုံးကောင် ဟာတော့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ 


Credit : http://www.irishtimes.com/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment