GlaxoSmithKline မှ ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေး ကို အောက်တိုဘာလ ကစပြီး အာဖရိကမှာအသုံးပြုဖို့အတွက် နိုင်ငံတကာ ကြီးကြပ်သူများ ကနောက်ဆုံးစမ်းသပ်မှု ပြီးရင် အ တည်ပြု ပါ လိမ့်မယ်။ ဒီ ကာကွယ်ဆေးဟာလေးနှစ်တာ ကာကွယ်မှုပေးနိုင်တယ်လို့လည်း သိရပါတယ်။
RTS,S လို့ခေါ်ပြီး အာဖရိကမှ ကလေးငယ်များအတွက် အထူး ထုတ်လုပ်ထားတဲ့ ဒီထိုးဆေးတွေဟာ ငှက်ဖျားရောဂါကို ကာကွယ်ပေးမယ့် လူသားများရဲ့ ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးဖြစ် လာ ပါလိမ့်မယ်။
သန်းနဲ့ ချီတဲ့ ငှက်ဖျားရောဂါ အမျိုးအစားတွေကို ကာကွယ်ပေးမှာပါ။ ငှက်ဖျားရော ဂါကြောင့် သေဆုံးနေရ သူတွေဟာ တစ်နှစ်ကို ၆သိန်းကျော် ရှိပါတယ်။
သိပ္ပံပညာရှင်တွေဟာထိရောက်မှုရှိလှတဲ့ ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ကျွမ်းကျင် ပညာရှင်တွေကမျှော်လင့်ထားခဲ့တာလည်း ကြာ ပြီဖြစ် ပါတယ်။ ဒီမျှော်လင့်ချက်တွေပြည့် လာဖို့ကိုတော့ နောက်ဆုံး စမ်းသပ်မှု ရလဒ် ကိုစောင့်ကြည့်ရမှာပါ။
Credit : http://www.reuters.com
0 comments:
Post a Comment