Powered by Blogger.

Notification ပုံစံတွေကို ပြောင်းလဲလိုက်ပြန်တဲ့ Facebook


အမြဲတမ်း ပြောင်းလဲမှုတွေ လုပ်နေပြီး ဆန်းသစ်ဖို့ ကြိုးစားနေတဲ့ Facebook ဟာ အခုလည်း သူ့ရဲ့ Notification ပုံစံတွေကို ပြောင်းလဲ လိုက်ပြန်ပြီလို့ သိရပါတယ်။ ကမ္ဘာ့ လူသုံးအများဆုံး လူမှု ကွန်ရက်ဟာ Notifications တွေကို ပုံစံသစ်နဲ့ ဖန်တီးလိုက်ပြီး ၀က်ဘ်ဆိုက် တစ်ခုလုံးရဲ့ Notifications တွေကို တစ်နေရာ တည်းမှာ စုစည်းဖော်ပြနိုင်အောင် ကြိုးစား ထားတယ်လို့ သိရပါတယ်။

ထိုသို့ တစ်စု တစ်စည်းတည်း ဖော်ပြမယ့် Notifications ကဏ္ဍမှာတော့ သူငယ်ချင်းတွေရဲ့ မွေးနေ့တွေ ၊ Life Events တွေ ၊ လာရောက်ဖို့ ဖိတ်ကြားခံရတဲ့ Events တွေ ၊ အနီးဆုံးမှာရှိနေတဲ့ Check-in နေရာတွေ အားလုံးကို အချိန်အခါ နဲ့ အလိုက် ဖော်ပြပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Twitter နဲ့ဆင် တူတဲ့ လုပ်ဆောင်ချက် တစ်ခုအဖြစ် သင့်ရဲ့ တည်နေရာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူငယ်ချင်းတွေ အကြောင်းကို သင့်ရဲ့ Post တွေနဲ့ Photo တွေ အပေါ် အခြေခံ ပြီး ပြသပေး သွား မှာ ဖြစ် ပါတယ်။

Facebook ကုမ္မဏီဟာ သုံးစွဲသူတွေရဲ့ နေ့တစ်နေ့တာ အတွက် အဆင်ပြေ လွယ်ကူစေမယ့် Notification တွေ ကို စုစည်းဖော်ပြပေး မယ့် ထို အစီအစဉ် အသစ် အကြောင်းကို အတည်ပြု ထုတ်ဖော်ပြော ကြား ခဲ့ပြီး ထို အစီအစဉ်အသစ်ကို အမေရိကန်ပြည်ထောင်စုမှာ စမ်းသပ်ပြီးရင် ကမ္ဘာ တစ်ဝှမ်း လုံးက သုံးစွဲသူတွေအတွက် ပြောင်းလဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment