Powered by Blogger.

ဗြိတိန်နိုင်ငံရဲ့ သက်တမ်း အရှည်ကြာဆုံး သစ်ပင်


နှစ်ပေါင်း ၄၀၀၀ ကျော်သက်တမ်း ရှိခဲ့တဲ့ သစ်ပင်တစ်ပင်ဟာ ဗြိတိန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး သစ်ပင် အဖြစ်သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ Baptist ဘာသာဝင်တွေရဲ့ စိန့်ဂျွန် ဘုရားကျောင်း နယ်မြေ အတွင်းမှာ တည်ရှိနေတဲ့ ရှေးဟောင်း ထင်းရှုးပင် ကြီးဟာ ၃၈ ပေတိတိ မြင့်မားတယ်လို့ သိရပါတယ်။ 

ထိုသစ်ပင်ရဲ့ အလယ်ဗဟို ဟာ အခေါင်းပေါက် အဖြစ်တည်ရှိနေပြီး သစ်ပင် အခွဲလေးတွေ အဖြစ် ၆ ပင် ထပ်မံပေါက်ရောက်နေပြီး သူ့ရဲ့ အကိုင်းအခက် မဖွံ့  ဖြိုး မှုတွေနဲ့ သစ်ရွက်ခြောက်ကြွေကျ မှုတွေကြောင့် ထို သစ်ပင်ဟာ ဆက်လက်ရှင်သန်နိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

ထို ဘုရားကျောင်းရဲ့ အစောင့် တစ်ယောက်ဖြစ်တဲ့ Charles Doble ရဲ့ ပြောကြားချက် အရတော့ ထို သစ်ပင်ကြီးဟာ ရင့်သန်ခြင်းကို ကျော်လွန်နေပြီဖြစ်တဲ့ အတွက် ဘုရားကျောင်းနဲ့ ထင်းရှုးပင် ဘယ်အရာ အရင် ပျက်စီးမယ်ဆိုတာကို စိတ်ပူနေမိတယ်လို့ ဆိုပါတယ်။ ထို ထင်းရှုးပင်ဟာ ရာဇ၀င်နဲ့ သမိုင်းတွေရဲ့ မှတ်တမ်းတစ်ခု အဖြစ်တည်ရှိနေခဲ့ပြီး ထို ထင်းရှုးပင်ကြီးရဲ့ အောက်မှာ ရိုမန် အင် ပါယာ ခေါင်းဆောင် တစ်ဦးရဲ့ အလောင်းကို မြှပ်နှံ ထားခဲ့တယ်လို့လည်း သိရပါတယ်။ 


Credit : http://www.dailymail.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment