Powered by Blogger.

အမေရိကန် နိုင်ငံသား တွေဟာ ကမ္ဘာပေါ်မှာ ၀ိုင် အ၀ယ်ယူဆုံး လူသားတွေဖြစ်


အမေရိကန် နိုင်ငံသား တွေဟာ ကမ္ဘာပေါ်မှာ ၀ိုင် အ၀ယ်ယူဆုံး လူသားတွေအဖြစ် ပထမဆုံးအကြိမ် သတ် မှတ်ခြင်း ခံလိုက်ရပါတယ်။ Huffington Post သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ အမေရိ ကန် ပြည်ထောင် စု ဟာ ပြင်သစ်နိုင်ငံ ထက်ပင် ၀ိုင်ဈေးကွက်ကို ၂၀၁၃ ခုနှစ်က စတင် သိမ်းပိုက် ခဲ့တာဖြစ်တယ်လို့ သိရ ပါ တယ်။
 ပြင်သစ်နိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ ၀ိုင်ပမာဏ ၂၈.၁ သန်း ဟက်တိုလီတာ အထိ ၀ယ်ယူခဲ့ပေ မယ့် လည်း အမေရိကန်ပြည်ထောင်စု ကတော့ ၂၉.၁ သန်း ဟက်တိုလီတာအထိ ၀ယ်ယူခဲ့တယ်လို့ သိရ ပါ တယ်။ အမေရိကန်ပြည်ထောင်စု ဟာ အခုမှ ပြင်သစ် ထက် ၀ိုင်ဝယ်ယူမှု ပိုမိုလာခဲ့တာဖြစ်ပါတယ်။ 

ဝိုင်သောက်သုံးမှု ခြင်းယှဉ်ရင်တော့ ပြင်သစ် တွေသာလျှင် ချန်ပီယံဖြစ်နေဆဲပါ။ ၂၀၁၁ ခုနှစ်က တိုင်းတာမှု အရ ပြင်သစ်နိုင်ငံသား တစ်ယောက်ဟာ ပျမ်းမျှ အားဖြင့် ၀ိုင် ၄၆.၄ လီတာ သောက်သုံးပေမယ့် အမေ ရိကန် နိုင်ငံသား တစ်ယောက်ဟာ ပျမ်းမျှ အားဖြင့် ၉.၁ လီတာသာ သောက်သုံးကြပါတယ်။ 

ဒါကြောင့် ပြင်သစ် တစ်ယောက်ဟာ တစ်ပတ်ကို ၀ိုင် ၁.၂ ပုလင်းခန့် သောက်သုံးနေပြီး အမေရိကန် တစ်ယောက်ထက် ၆ ဆ ပိုမိုသောက်သုံးနေပါတယ်။ ဒါ့အပြင် Fox သတင်းတွေရဲ့ဖော်ပြချက်အရ ကမ္ဘာ့အကောင်းဆုံး ၀ိုင်အမျိုးအစား ၁၀၀ ထဲမှာ ၈၄ မျိုးဟာ ပြင်သစ်နိုင်ငံမှာ ထုတ်လုပ် တာဖြစ်တယ်လို့ လည်းသိရပါတယ်။ 


Credit : http://elitedaily.com/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment