Powered by Blogger.

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး သေဆုံး


ကမ္ဘာ့ အသက် အကြီးဆုံးလို့ သတ်မှတ်နိုင်တဲ့ အမျိုး သမီးတစ်ဦးဟာ အသက် ၁၃၄ နှစ် အရွယ် မှာပဲ သေဆုံး သွားခဲ့ပါတယ်။ ၁၈၈၀ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Tuti Yusupova ဆိုသူ အဖွားအိုဟာ ၁၉၉၇ ခုနှစ်မှာ သေဆုံးခဲ့ပြီး လက်ရှိမှာ ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် သတ်မှတ် ခံထားရ တဲ့ Jeanne Calment ထက်ပင် အသက် ၁၂ နှစ်ပိုကြီး တာကိုတွေ့ ရပါတယ်။ 
ဒါကို သူမနေထိုင်တဲ့ Uzbekistan နိုင်ငံရဲ့ အစိုးရက ဂရင်းနစ် စံချိန်ဝင်နိုင်ဖို့ ဆွေမျိုးတွေနဲ့ အတူ သက်သေ ထွက်ဆို ခဲ့ကြပါတယ်။ Tuti ရဲ့  နိုင်ငံကူး လက်မှတ်နဲ့ မွေးစာရင်းကို ကြည့်ခြင်း အားဖြင့် သူမဟာ ပဲရစ်က အီဖယ်လ် မျှော်စင် ထက်ပင် အသက် ၈ နှစ်ကြီးနေတာကိုတွေ့  ရမှာပါ။ အသက် ၁၃၄ နှစ် တိုင်အောင်နေ ထိုင်ခဲ့တဲ့ Tuti ဟာ ကမ္ဘာ့ အရေးပါဆုံး ဖြစ်ရပ်တွေဖြစ်တဲ့ ဒုတိယ ကမ္ဘာစစ် ၊ တယ်လီဗေးရှင်း တီထွင်မှု ၊ မော်ဒန်မော်တော်ကား ၊ လေယာဉ်ပျံ နဲ့ အင်တာနက် တီထွင်မှုတွေ အားလုံးကို အသက်ရှင် လျှက် ဖြတ်သန်း ခဲ့ရပါတယ်။ BBC သတင်းဌာနကလည်း Tuti အသက် ၁၂၈ နှစ်အရွယ်မှာ အင်တာဗျူး လုပ်ခဲ့ဖူးပြီး အဲဒီ အချိန်တုန်းကတော့ Tuti ဟာ ကျန်းမာရေး အားလုံးကောင်းမွန်ပေမယ့် နား အကြား အာရုံတော့ ချို့ တဲ့နေခဲ့တယ်လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment