Powered by Blogger.

Burger King ဘာဂါဆိုင်ရဲ့ ဖောက်သည် အမျိုးသမီးတစ်ဦး ၀က် ကိုက်တာခံခဲ့ရ


အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ် ၊ Ferrellton မြို့ က ရဲဝန်ထမ်းတွေဟာ အရေးပေါ်ခေါ် ဆို ခံရတဲ့အတွက် Burger King ဆိုတဲ့ ဘာဂါဆိုင်ကို သွားရောက်ကြည့်ရှု ခဲ့ရာမှာတော့ ၀က်ကြီး တစ်ကောင် ဟာ Burger King ဆိုင်ရဲ့ ကားနဲ့ ဖြတ်သန်းပြီး အော်ဒါမှာရတဲ့ လမ်းမှာ လမ်းပိတ်ရောက် ရှိနေပြီး ဗိုက်ဆာနေတဲ့ စားသုံး သူတွေကို ခြောက်လှန့် နေ တာ ကို တွေ့ခဲ့ ရပါ တယ်။
Facebook သုံးစွဲသူ တစ်ယောက်ဖြစ်တဲ့ Ashlee Shawley ကတော့ အဲဒီ အနက်ရောင် ၀က်ရဲ့ ဓါတ်ပုံကို ရိုက်ယူပြီး လူမှုကွန်ရက်က တစ်ဆင့် ပြန်လည်ဝေမျှ ခဲ့ပါတယ်။ ရဲဝန်ထမ်းတွေရဲ့ ပြောကြားချက် အရတော့ အဲဒီ ၀က်ဟာ Burger King ဆိုင်သို့ လာရောက်စားသုံးသူ အမျိုးသမီး တစ်ဦးကို ကိုက်ခဲ့တဲ့ အတွက် ထို အမျိုးသမီး ဟာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ 
အဲဒီ ၀က်ဟာ အနားကပ်လာသူ အားလုံး ကိုလည်း ကိုက်ဖို့ကြိုးစားနေ ခဲ့တယ် လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ Burger King ဆိုင်မှာ အလုပ် လုပ်တဲ့ ၀န်ထမ်းတွေရဲ့ ပြောကြားချက် အရတော့ သူတို့ဟာ ဆိုင်နားကို အနီးအနားမှာရှိတဲ့ လယ်ကွင်းတွေက တိရိစ္ဆာန်တွေ လွတ်မြောက် လာတာကို မကြာခဏ ကြုံနေရ တယ်လို့ ဆိုပါတယ်။ ရဲဝန်ထမ်းတွေဟာ အနီးအနား မှာရှိတဲ့ လယ်ကွင်းတွေကို လိုက်လံ စုံစမ်း ခဲ့ပြီး ထိုဝက်ကို ပိုင်ရှင် လက် ထဲ ပြန် လည် အပ်နှံ ခဲ့တယ် လို့သိရပါတယ်။


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment