Powered by Blogger.

Chevrolet ကားနဲ့ ချည်ပြီး သွားနုတ်ပေးတဲ့ ကလေးအဖေ


Florida ရှိ ကလေးအဖေ တစ်ယောက်သည် သူ့သား၏ သွားကို ဆွဲနုတ်ပေးရန် အတွက် ကားဖြင့် ချည်နှောင် ကာ နုတ်ခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။ Robert Abercrombie သည် Chevrolet Camaro ကားဖြင့် ၈နှစ် အရွယ် သူ့သားလေး၏ သွားကို တွဲဖက် ချည်နှောင်ကာ နုတ်ပေးခဲ့ပါတယ်။ တစ်ခြား ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိခဲ့တဲ့အတွက် ကလေးငယ်ဟာ အရမ်းပျော်ရွှင်ခဲ့ပြီး နာကျင်မှုကိုလည်း မခံစားခဲ့ရပါဘူး။
ဗီဒီယိုထဲတွင် ကလေးငယ်၏ “It came out!” လို့ ဝမ်းသာ အားရ အော်ပြောခဲ့တာကို ကြားသိ ရှိ ရ မည် ဖြစ် ပါသည်။ Mr Abercrombie တင်ခဲ့သည့် ဗီဒီယိုမှာလည်း အလွန်ပင် နာမည်ကျော် သွားခဲ့ပါတယ်။ သူ ကတော့ သူ့ မျက်နှာကို ဘယ်သူမှ ခဲနဲ့ မပေါက်တာကိုပဲ စိတ်သက်သာရာ ရခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ သူ့ အနေဖြင့် လူတွေ အမြင်မှာ ဆိုးဝါးတဲ့ လုပ်ရပ် လို့ မြင် သွားမှာ ကို စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment