Powered by Blogger.

တနင်္လာနေ့မှာ လုပ်ပေးသင့်တဲ့ စတင်မှုလေးတွေ




အလုပ်ခွင်ဝင်နေသူတွေအားလုံးအတွက်တော့ စနေ ၊ တနင်္ဂနွေ ပြီးရင်ပြန်ရောက်လာတဲ့ ပထမဆုံး ရုံးဖွင့်ရက် တနင်္လာနေ့ဟာ အရေးကြီးပါတယ်။ တနင်္လာနေ့မှာ အဆင်မပြေတာကြုံ ရင် တစ်ပတ်လုံး အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်  အစကောင်းပြီး အနှောင်းသေချာစေဖို့ တနင်္လာနေ့မှာ လုပ်ပေးသင့်တဲ့ စတင်မှုလေးတွေ တစ်ချို့ကို လေ့လာကြည့်လိုက်ကြရအောင်။

၁။ သူငယ်ချင်းတစ်ယောက်စီ ဖုန်းဆက်လိုက်ပါ

သင်နဲ့ အလုပ်မတူ (သို့) နေထိုင်ရာဒေသ မတူတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်လိုက်ပါ။ မတွေ့တာကြာပြီဖြစ်တဲ့အတွက် သူငယ်ချင်း အကြောင်းတွေကြားလိုက်ရတာ သင့်ကို ပီတိ ဖြစ်စေမှာပါ။ ပျော်ရွှင်စွာ စကားပြောဆိုခြင်းကနေ သင့်ကို အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာစေနိုင်မှာပါ။

၂။ ပိုက်ဆံနည်းနည်း ချွေတာကြည့်လိုက်ပါ

သင် သာမာန်နေ့တွေမှာ သုံးတဲ့ ငွေကြေးပမာဏ ထက်နည်းတယ်ဆိုရုံလေးပဲ ချွေတာကြည့်လိုက်ပါ။ ပိုက်ဆံ မကုန်ရင်လူတိုင်းစိတ်ချမ်းသာပါတယ်။ စိတ်ချမ်းသာခြင်းက သင့်ကို အကောင်းမြင်စိတ်တွေဖြစ်ပေါ်စေမှာပါ။

၃။ ဟာသဗီဒီယိုတစ်ခုခု ကြည့်လိုက်ပါ

တနင်္လာနေ့မှာ ရယ်မောနေရခြင်းဟာ သင့်ကို တစ်ပတ်လုံးစာအတွက် စိတ်ချမ်းသာစရာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ကို ဟက်ဟက်ပက်ပက် ရယ်မောစေမယ့် ဗီဒီယို တစ်ခုလောက်ကို Facebook က ဖြစ်စေ ၊ YouTube ကဖြစ်စေ ကြည့်လိုက်ခြင်းအားဖြင့် ရက်သတ္တပတ်တစ်ခု ရဲ့ အဖွင့်နေ့မှာ အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။

၎။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အားလပ်ရက်မှာ ဘာတွေလုပ်ဖြစ်ခဲ့လည်းဆိုတာ အပြန်အလှန် ဝေမျှကြည့်လိုက်ပါ။ တစ်ယောက် အဆင်မပြေတာ တစ်ယောက်သိမယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လည်းပိုရှိစေနိုင်ပါတယ်။ အလုပ်ခွင်မှာ ပျော်နေရင် အလုပ်လုပ်ရတာလည်း ပျော်နေစေနိုင်မှာပါ။

၅။ ထူးထူးဆန်းဆန်း တစ်ခု လောက်လုပ်လိုက်ပါ

သင့်ရဲ့ တစ်ပတ်တာ ဟာ ကြိုတင်စီစဉ်ထားပြီးသားဖြစ်မှာပါ။ ပြီးခဲ့တဲ့ အပတ် နဲ့ အခု တစ်ပတ် နဲ့ သိသိသာသာ ကွာခြားသွားတာ မရှိပါဘူး။ ဒါဆိုစိတ်ကို အပြောင်းအလဲဖြစ်စေမယ့် ထူးထူးဆန်းဆန်း တစ်ခုလောက်လုပ်ကြည့်လိုက်ပါ။ သွားနေကြလမ်းက ရုံးသွားတာမျိုးမဟုတ်ပဲ အခြားလမ်းကသွားကြည့်တာမျိုးဖြစ်စေ ၊ ၀တ်နေကြ မဟုတ်တဲ့ အ၀တ်အစားမျိုးနဲ့ ရုံးတက်တာမျိုးပဲဖြစ်စေ တစ်ခုခု ဆန်းသစ်သွားခြင်းက သင့်ကို အကောင်းမြင်စိတ် တွေဖြစ်ပေါ်စေနိုင်မှာပါ။

တနင်္လာနေ့မှ စတင်ပြီး တစ်ပတ်လုံးစာအတွက် အဆင်ပြေနိုင်ကြပါစေ။

Ref : Menxp
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment