တရုတ်ပြည်မှ Tianmen Mountain လမ်းမကြီး |
ခရီးဝေးသွားရတာ နှစ်သက်ပါသလား? ကမ္ဘာာပေါ်မှာ ကားမောင်းပြီး
သွားရတဲ့ ပျော်စရာကောင်းတဲ့ ခရီးစဉ်တွေ အများကြီးထဲကမှ ရွေးချယ်စရာတွေ အရမ်းများနေတာလား?
ဒီမှာ အလှပဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လမ်းမကြီး တွေကို ရွေးချယ်ပေးထားပါတယ်။
အညိုရောင်ကျောက်တောင်တန်းကြီးများ၊ ရေခဲတုံးကြီးများ၊ သက်တန့်လိုတောက်ပနေတဲ့ ရေအိုင်များနှင့် တောရိုင်းတိရိစ္ဆာန်များဟာ Alcan လမ်းမကြီးကို ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး လမ်းမကြီးအဖြစ် ဖန်တီးပေးထားတာဖြစ်ပါတယ်။
၇။ သြစတြေးလျမှ Great Ocean လမ်းမကြီး
ဝိတိုရိယမှာရှိတဲ့ သြစတြေးလျရဲ့ Great Ocean လမ်းမကြီးတစ်လျှောက်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကို စိတ်ဝင်စားစရာ ဆွဲဆောင်နေတာဖြစ်ပါတယ်။ ရေလွှာလျှောစီးခြင်း၊ ရေတံခွန်များ နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုတွေဟာ ပင်လယ်ကမ်းနားတစ်လျှောက်က မြို့တွေရဲ့ လတ်ဆတ်ရှင်းသန့်တဲ့ ကမ်းခြေသဘာဝတွေကို ပံ့ပို့ပေးထားတာပဲဖြစ်ပါတယ်။
၈။ တရုတ်ပြည်မှ Tianmen Mountain လမ်းမကြီး
Tianmen Mountain လမ်းမကြီးဟာ ကောင်းကင်ဘုံကို တက်လှမ်းရမယ့် လှေကားထစ်တွေလို နဂါးတစ်ကောင်ရဲ့အမြီးတွေအတိုင်း ခမ်းနားထယ်ဝါစွာ ဖောက်လုပ်ထားတာဖြစ်ပါတယ်။ အကွေ့အကောက်ပေါင်း ၉၉ ခုကျော်နှင့်အတူ အမျိုးသားဥယာဉ်အတွင်းက ထုံးကျောက်တောင်တွေရဲ့ အချွန်အတက် အငူကျောက်ဆောင်တွေကလည်း ထူးခြားလှပတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
၉။ အီတလီမှ Stelvio Pass လမ်းမကြီး
အီတလီနိုင်ငံ Ortler Alps မှ Stelvio Pass လမ်းမကြီးဟာ ပင်လယ်ရေမျက်နှာပြင်မှ ၉၀၄၅ ပေအမြင်းမှာ ရှိပြီး ဥရောပရဲ့အမြင့်ဆုံး တောင်ပေါ်လမ်းမကြီးဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်ရာများကို ရှာဖွေနေကြတဲ့ ခရီးသွားတွေအတွက် အသင့်တော်ဆုံးခရီးစဉ်ပဲဖြစ်ပါတယ်။
၁၀။ ဂျပန်နိုင်ငံမှ Iroha-Zaka လမ်းမကြီး
အီတလီမှ Stelvio Pass လမ်းမကြီး |
သြစတြေးလျမှ Great Ocean လမ်းမကြီး |
ဂျပန်နိုင်ငံမှ Iroha-Zaka လမ်းမကြီး |
ကနေဒါမှ အလစက္ကာထိ ဖောက်လုပ်ထားသော Alcan လမ်းမကြီး |
Ref : Huffingtonpost
0 comments:
Post a Comment