Powered by Blogger.

ဆွီဒင်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ပထမဆုံး ရေခဲ ဟိုတယ်


ရေခဲဟိုတယ်အတွင်းရှိ အိပ်ခန်း


ဆွီဒင်နိုင်ငံ Jukkasjavi မြို့မှာရှိတဲ့ ရေခဲ ဟိုတယ်ဟာ ကမ္ဘာ့ပထမဆုံး ရေခဲ ဟိုတယ် ဖြစ်တယ် လို့ သိရပါတယ်။ 

ထိုရေခဲ ဟိုတယ်ဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ပြီး ထိုဟိုတယ်ကို ယာယီသာ ဆောက်လုပ်ထားတာဖြစ်တဲ့အတွက် နှစ်တိုင်း ပြန်လည် ပြုပြင် ဆောက်လုပ်ရ တယ်လို့ သိရပါတယ်။

ထို ဟိုတယ်ကို ဆောက်လုပ်ထားတဲ့ ရေခဲတွေဟာ Tourne မြစ်က ယူဆောင်လာတဲ့ ရေခဲတွေနဲ့ နှင်းခဲတွေဖြစ်ပြီး ရေခဲတန်ချိန် ၁ သိန်း ၊ နှင်းခဲ တန်ချိန် ၃ သောင်းကို ဟိုတယ် တည်ဆောက် ဖို့ အသုံးပြုထားတယ်လို့ သိရပါတယ်။

ထိုရေခဲ ဟိုတယ်ကို ၁၉၉၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်ထားတဲ့ အပူချိန်ကတော့ ၂၃ ဒီဂရီ ဖာရင်ဟိုက် ရှိပါတယ်။

ထို ဟိုတယ် အတွင်း မှာ ဘားတစ်ခု ၊ ဘုရားကျောင်းတစ်ခု ၊ ခန်းမတစ်ခု ၊ ဧည့်ကြိုကောင်တာတစ်ခုနဲ့ အခန်းပေါင်းများစွာ ဖွဲ့စည်းထား ပါတယ်။ 

ဆွီဒင်နိုင်ငံ ရဲ့ အံ့ဖွယ်နေရာ ၇ ခုထဲမှာပါဝင်တဲ့ ရေခဲ ဟိုတယ်ကို ဒီဇင်ဘာ လ နဲ့ ဧပြီလ ကြား ကာလတွေမှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ 

ရေခဲဟိုတယ်အတွင်းရှိ ဘား


Ref : generalknowledgefacts

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment