၁၈၈၆ ခုနှစ်မှာ တီထွင်ခဲ့သည့် လောင်စာဆီသုံးမော်တော်ကားပေါ်ရှိ Gottlieb Daimler(အနောက်) |
မော်တော်ကား တီထွင်ခဲ့သူ ဘယ်သူဆိုတာကို တစ်ယောက်တည်းပဲ လက်ညှိုးထိုးပြဖို့ အရမ်းခက်ပါတယ်။ မော်တော်ကားတွေဖြစ်လာစေမယ့် ဖန်တီးမှု ပေါင်း တစ် သောင်း ကျော်ရှိခဲ့တယ်လို့ ကျွန်တော် တို့ အားလုံး သိထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး မသိခဲ့တာကတော့ ကမ္ဘာ့ပထမဆုံး ကား ပါ။
သမိုင်းတွေအရတော့ ၁၇၆၉ ခုနှစ်မှာ ပြင်သစ် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ Nicolas-Joseph Cugnot က ရေနွေ့ငွေ့သုံး ယာဉ် ကို စတင်တီထွင်ခဲ့ပါတယ်။ ထို ယာဉ်ဟာ ရှေ့ဘီး တစ်ဘီး တည်းပါတယ်လို့သိရပါတယ်။ ခရီးသည် ၄ ယောက်ကို တင်ဆောင်ကာ တစ်နာရီကို ၂.၂၅ မိုင်နှုန်းအထိ အများဆုံးမောင်းနှင်နိုင်ပါတယ်။
အဲဒီနောက် ရေနွေးငွေ့သုံး မီးရထားကို ပြောင်းလဲအသုံးပြုခဲ့ကြပြီး ၁၈၈၆ ခုနှစ် ဇန်န၀ါရီ လ ၂၉ ရက်နေ့မှာ Karl Friedrich Benz နဲ့ Gottlieb Daimler ဆိုသူ ၂ ဦးက လောင်စာဆီ သုံး မော်တော်ကားကို စတင်တီထွင်ခဲ့ပါတယ်။
သူတို့ ၂ ဦးဟာ အရင်ကလည်း ၁ ယောက် နဲ့ ၁ ယောက် တွေ့ဖူးခြင်းမရှိသလို ဂျာမနီ နိုင်ငံသား ၂ ယောက်ဟာ မတူညီတဲ့ မြို့တွေမှာ နေထိုင်ကြတာလည်းဖြစ်ပါတယ်။ Benz ကတော့ ၁၈၈၅ ခုနှစ်မှာ သူ့ရဲ့ ၃ ဘီး မော်တော်ကား ကို တီထွင်ခဲ့တာဖြစ်ပြီး Daimler ကတော့ Wilhelm Maybach ဆိုသူ ပုဂ္ဂိုလ် နဲ့ ပူးပေါင်း ပြီး ကမ္ဘာ့ ပထမဆုံး လောင်စာဆီသုံး စွမ်းအင်မြင့် ဘီးလေးဘီးပါတဲ့ မော်တော်ယာဉ်ကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref : History
0 comments:
Post a Comment