Powered by Blogger.

ဘတ်စ်ကားကုမ္ပဏီက “ နေ့တိုင်းကျွန်မကို စီးပါ” ဆိုတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားတဲ့ မော်ဒယ်ပုံနဲ့ကြော်ငြာအတွက် တောင်းပန်ခဲ့ပါသတဲ့




Welsh ဘတ်စ်ကားကုမ္ပဏီဟာ ခနာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားတဲ့ မော်ဒယ်ဟာ “နေ့တိုင်းကျွန်မကို £3 နဲ့စီးပါ” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ကြော်ငြာပုံအတွက် လူမှုကွန်ယက်ရှုံ့ချမှုတွေကို ခံနေရပါတယ်။

New Adventure Travel မှ Cardiff ရဲ့အဆိုအရ ဒီလိုမော်ဒယ်ပုံနဲ့ ကြော်ငြာတာဟာ လူငယ်မျိုးဆက်သစ်တွေကို ဘတ်စ်ကားစီးဖို့စွဲဆောင်ရာမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါသတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် “နေ့တိုင်းကျွန်မကို £3 နဲ့စီးပါ” ဆိုတဲ့ ကြောငြာဟာ လူမှုကွန်ယက်အတွက် ဆွဲဆောင်မှုအရှိဆုံး ကြော်ငြာတစ်ခုဖြစ်နေပါတယ်။


 “ ဒီ ဆောင်ပုဒ်က အမျိုးသားတွေရော အမျိုးသမီးတွေကိုပါ ထိခိုက်အောင် ရည်ရွယ်ပြီး ရေးထားတာမဟုတ်ပါဘူး။ ဒါပေမယ့် အဲလိုဖြစ်သွားတယ် ဆိုရင် ကျွန်တော်တို့က အနူးအညွတ်တောင်းပန်ပါတယ်။ 

ခုလို ရှုံ့ချထောက်ပြချက်တွေကြောင့် ကျွန်တော်တို့အနေနဲ့ ဒီပုံတွေကို ၂၄နာရီအတွင်း ပြန်ဖျက်ပစ်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

Ref : upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment