Powered by Blogger.

ဘောလုံးရာဇ၀င်အကြောင်းသိကောင်းစရာများ


၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလားမှာ အသုံးပြုခဲ့တဲ့ ကြိုးချုပ် လယ်သာ ဘောလုံး


ဘောလုံး ကိုဘယ်သူထွင်ခဲ့တာလဲ?ဘောလုံးကန်ခြင်းဘယ်က စတာလဲဆိုတာ အတည်ပြုပြောနိုင်ဖို့ခက်ပါတယ်။ ဘောလုံးနဲ့ပတ်သက်တဲ့ တီထွင်ဖန်တီးမှုတွေဟာ နှစ်ပေါင်း ထောင်ချီ ရှိနေပါပြီ။ ဒါပေမယ့် လည်း ယနေ့ခေတ် အသုံးပြုနေတဲ့ ဘောလုံးတွေရဲ့ ပထမဦးဆုံး တီထွင်ဖန်တီးမှုကို ပြန်ကြည့်မယ်ဆိုရင်တော့ Charles Goodyear ဆိုသူကိုပဲ လက်ညှိုးထိုးပြရမှာ ဖြစ်ပါတယ်။

ပထမဆုံး ဘောလုံးရာဇ၀င်ကို ပြန်ကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက တရုတ် ၊ အဇတ် ၊ မာယာ ၊ အီဂျစ်နဲ့ ဂရိတွေဟာ ဘောလုံးကို အသီးသီးတီထွင်ခဲ့ကြပါတယ်။ တရုတ်တွေက တိရိစ္ဆာန် အရေပြားတွေကို လုံးပြီးတော့ ဘောလုံးအဖြစ် ကစားခဲ့ဖူးပါတယ်။ အဇတ်နဲ့ မာယာ မှာတော့ ရာဘာတွေကို လုံးထွေးပြီး ဘောလုံး ကန်ခဲ့ကြပြီး အီဂျစ်နဲ့ ဂရိတွေကတော့ ပိတ်သား အထဲမှာ ဆံချည်မျှင်တွေထည့်လုံးပြီး ဘောလုံးကစားခဲ့ကြတယ်လို့ သိရပါတယ်။

သက္ကရာဇ် ၁၆၀၀ ၀န်းကျင်မှာတော့ အီတလီနိုင်ငံမှာ ၀က်ရဲ့ ကပ္ပာယ်အိတ် ကို ဘောလုံးအဖြစ် သတ်မှတ် အသုံးပြုခဲ့ကြပြီး လက်လုပ်ဘောလုံးတွေဟာ အလုံးအ၀န်း မညီညာတဲ့အတွက် ခြေထောက်နဲ့ ကန်ရာမှာ အခက်အခဲ ရှိနေတုန်းပဲ ဖြစ်ပါတယ်။

အဲဒီနောက် ၁၈၅၅ ခုနှစ်မှာတော့ Charles Goodyear ဆိုသူက တိရိစ္ဆာန်တွေရဲ့ အရေပြားကို အသုံးပြုပြီး အလုံးအ၀န်းညီညာတဲ့ ကမ္ဘာ့ ပထမဆုံး ဘောလုံးကို တီထွင်ခဲ့ပါတယ်။ ၁၈၇၂ ခုနှစ်အရောက်မှာတော့ ဘောလုံးဝါသနာရှင်အားလုံးက Charles Goodyear ရဲ့ သတ်မှတ်မှု ကို လက်ခံတဲ့အတွက် ဘောလုံးရဲ့ အရွယ်အစားနဲ့ ပုံစံကို အတည်ပြုသတ်မှတ်ခဲ့ကြပါတယ်။ ၁၉၀၄ ခုနှစ်မှာတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကိုဖွဲ့စည်းခဲ့ပါတယ်။

ပထမဆုံး ပြုလုပ်တဲ့ ၁၉၃၀ ခုနှစ်ကမ္ဘာ့ဖလားမှာတော့ လယ်သာနဲ့ ပြုလုပ်တဲ့ ကြိုးချုပ်ဘောလုံးကို အသုံးပြုခဲ့ကြပြီး ၁၉၅၀ ခုနှစ်မှာတော့ ရေစိုခံ ဘောလုံး ကို စတင်အသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ Adidas ၊ Nike ၊ Puma စတဲ့ အားကစား ကုမ္မဏီ ကြီးတွေက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အညီ ဘောလုံးတွေကို မည်သည့်ရာသီဥတုမှာမဆို ဘောလုံးသမားတွေနဲ့ ပရိတ်သတ်တွေ အလွယ်တကူ မြင်တွေ့နေနိုင်မယ့် ပုံစံများနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့ကြပါတယ်။


၁၈၅၅ ခုနှစ်မှာ Charles Goodyear တီထွင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဘောလုံး

(Mario)

Ref : Football-Bible
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment