Powered by Blogger.

ကျောက်မီးသွေးညှပ်ကြီးကို မြိုချလိုက်တဲ့ သြစတြေးလျလူမျိုးရဲ့ မြွေ ခွဲစိတ်ကုသခံခဲ့ရ




သြစတြေးလျလူမျိုးတစ်ယောက်ရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ စပါးကြီးမြွေဟာ အစာကျွေးနေစဉ်မှာ ကျောက်မီးသွေးညှပ်ကြီးကို မတော်တဆ မြိုချမိခဲ့တဲ့အတွက် University of Adelaide မှာ ခွဲစိတ်ကုသခံခဲ့ရပါတယ်။

Aaron Rouse က ဆရာဝန်တွေကို ပြောပြတာကတော့ သူဟာ သူ့ရဲ့အချစ်တော်စပါးကြီးမြွေကြီးကို အစာကျွေးတဲ့အခါ ကျောက်မီးသွေးညှပ်ကြီးကို အသုံးပြုပြီး ကျွေးလေ့ရှိပါသတဲ့။ အဲ့အချိန်မှာပဲ မြွေက ဒီကရိယာကို ပြန်လွှတ်မပေးပဲ အစာနဲ့အတူတူ မြိုချပစ်ခဲ့တာ ဖြစ်ပါသတဲ့။

University of Adelaide မှ Dr. Oliver Funnell က “ Aaron ရောက်လာတော့ မြွေကို သေတ္တာထဲမှာ ထည့်ပြီး သယ်လာခဲ့တာပါ။ ဒါနဲ့ ကျွန်တော်က ခင်ဗျားမြွေက ညှပ်ကြီးကို မြိုချခဲ့တာ သေချာရဲ့လားလို့ မေးလိုက်ပါသေးတယ်။ Aaron ကတော့ ရယ်နေခဲ့ပြီး သေတ္တာကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ တကယ့်ပြနာကို တွေ့လိုက်ရပါတော့တယ်” ဆိုပါတယ်။

Funnell က ချွန်ထက်နေတဲ့ ညှပ်ကြီးကို ပြန်လည်ဆွဲထုတ်ဖို့ဆိုရင် ထိခိုက်မှုတွေဖြစ်နိုင်တဲ့အတွက် မြွေကို ခွဲစိတ်ကုသပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြပါတယ်။” ညှပ်ရဲ့ခွအချွန်တွေက တစ်ဖက်မှာ ဟနေတဲ့အတွက် သူ့အတွက် တော်တော် နေရထိုင်ရခက်စေမှာပါ။ ကျွန်တော်တို့လည်း တော်တော်လွယ်လွယ်ကူကူနဲ့ ဖယ်ထုတ်ပေးနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

University ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ပြီးခဲ့တဲ့တစ်ပတ်က ခွဲစိတ်မှုခံယူခဲ့တဲ့ စပါးကြီးမြွေ Winston ဟာ ခုဆိုရင် ပြန်လည်ကျန်းမာလာပြီလို့ ဖော်ပြထားပါသတဲ့။

 Rouse ကလည်း နောက်နောင် Winston ကို အစာကျွေးတဲ့အခါ ပိုပြီး ဂရုတစိုက်ကျွေးပါ့မယ်လို့ ဆိုပါတယ်။

(MTN)

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment