လူသားရောင်းတဲ့ နိုင်၈ျီးရီးယားက စားသောက်ဆိုင် အဖမ်းခံရ
နိုင်ဂျီးရီးယားနိုင်ငံ Anambra မြို့မှာရှိတဲ့ ဟိုတယ် စားသောက်ဆိုင်တစ်ခုကို လာရောက်ကြတဲ့ သူတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာကတော့ ထိုစားသောက်ဆိုင်မှာ လူတွေရဲ့ အသား တွေကို ရောင်းချနေတယ်ဆိုတာပါပဲ။
BBC သတင်းရဲ့ ဖော်ပြချက်အရ ရဲတပ်ဖွဲ့ဝင်တွေဟာ စားသောက်ဆိုင်အတွင်းသို့ ၀င်ရောက်ရှာဖွေခဲ့ရာမှာတော့ စားသောက်ဆိုင်ရဲ့ အနောက်ဘက်မှာ သိုလှောင်ထားတဲ့ သွေးမတိတ်သေးတဲ့ လူတွေရဲ့ အသားတွေကို တွေ့ခဲ့ရပြီး အလိုလျောက်အသုံးပြုနိုင်တဲ့ လက်နက်တွေနဲ့ မိုဘိုင်းလ်ဖုန်းတွေကိုလည်း တွေ့ခဲ့တယ်လို့သိရပါတယ်။
"မသန့်မရှင်းစွာ ၀တ်ဆင်ထားတဲ့ သူတွေ ၊ ထူးဆန်းတဲ့ပုံတွေနဲ့ ဟိုတယ်ထဲကို ၀င်ထွက်နေတာ ကိုကြည့်ပြီး ကျွန်တော် သံသယစ ဖြစ်လာခဲ့တယ်။ ဒီသတင်းကြားရတော့ ကျွန်တော် သိပ်ပြီးမအံ့သြမိတော့ပါဘူး" လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ထို စားသောက်ဆိုင်မှာ လောလောလတ်လတ် ၀င်ရောက်စားသုံးခဲ့သူ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးကလည်း ထို စားသောက်ဆိုင်ဟာ လူသားတွေကို နိုင်ဂျီးရီယားငွေ ၇၀၀ ( ၂.၂၀ စတာလင်ပေါင် ) နဲ့ ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။ ထို ငွေပမာဏ ဟာ နိုင်ဂျီးရီးယား နိုင်ငံသားတိုင်း မတတ်နိုင်တဲ့ ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်တော် ဘာစားခဲ့လဲဆိုတာ ကျွန်တော်မသိခဲ့ရပါဘူး။ ကျွန်တော် ဈေးအရမ်းကြီးတာပဲသိခဲ့ရပါတယ်။ တန်ဖိုးနဲ့ ထိုက်တန်တဲ့ အရသာ ရှိတဲ့ အသားတစ်မျိုးပါလို့တော့ သူတို့ကပြောပါတယ်" လို့ ထိုဘုန်းတော်ကြီးက ပြောပြပါတယ်။
ထို မှုခင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆက်နွယ်နေသူ ၁၀ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
(Mario)
Ref : Metro
0 comments:
Post a Comment