Powered by Blogger.

ကလေးတွေရှေ့မှာ ဟမ်းစတားတစ်ကောင်ကို စားပြခဲ့တဲ့ ကျောင်းဆရာ အဖမ်းခံခဲ့ရ




တောင်ကိုရီးယား ကျောင်းဆရာတစ်ယောက်ဟာ ကလေးသူငယ် ညှင်းပမ်းနှိပ်စက်မှု ဆိုတဲ့ ဆွဲချက်တင်ခံနေရပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ သူ့ရဲ့ကျောင်းသားတွေရှေ့မှာ ဟမ်းစတားတစ်ကောင်ကို အရှင်လတ်လတ် စားပြခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဆရာတစ်ဦးဖြစ်တဲ့ Yu ဟာ မေ၁၁ရက်နေ့က Jeongeup မှရှိတဲ့ ကျောင်းရှိ ကလေးငယ် ၇ယောက်ရှေ့မှာ ဟမ်းစတားတစ်ကောင်ကို အရှင်လတ်လတ်ဝါးစားပြီး မြိုချခဲ့တာဖြစ်ပါတယ်။

Yu ဟာ ကျောင်းသားတွေရှေ့မှာလည်း ကြမ်းတမ်းတဲ့ စကားလုံးတွေသုံးခဲ့ပြီး ကလေးတွေကို အသက်တစ်ချောင်းဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို သင်ပြပေးဖို့အတွက် သူကိုယ်တိုင် စားပြခဲ့တာကြောင့် အဖမ်းခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

Yu ဟာ ကလေးငယ် ညှင်းပမ်းနှိပ်စက်မှု ဆွဲချက်နဲ့ ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ကျောင်းဆရာက ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိဘတွေကို လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ပါသတဲ့။

 “ကျွန်တော့်အနေနဲ့ ဒီလိုအခြေအနေကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး..ကလေးတွေဟာ ဟမ်းစတားကို သေတဲ့အထိ စနောက်နှိပ်စက်နေကြတာပါ. အသက်တစ်ချောင်းဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို ကလေးတွေကို သင်ကြားပြသသင့်တယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်” လို့ Yonhap သတင်းဌာနကို ပြောပြခဲ့ပါတယ်။

Yu က ဒီလို သူ့ရဲ့အပြုအမူတွေဟာ ကလေးငယ်ညှင်းပမ်းနှိပ်စက်မှုနဲ့ ပတ်သက်နေတာသိခဲ့ရင် သူ့အနေနဲ့ ဒီလိုမျိုး ဟမ်းစတားလေးကို စားပြခဲ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

( MTN )

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment