Powered by Blogger.

ကမ္ဘာ့ပထမဆုံး Lego ဟိုတယ်




ဖလော်ရီဒါပြည်နယ်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Legoland ဟိုတယ်ဟာ ကလေးတွေအားလုံးနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် ပလတ်စတစ် Lego ရုပ်များနဲ့ စီးမျောရင်း အချိန်ဖြုန်းလို့ ကောင်းမယ့်နေရာ တစ်ခုဖြစ်လာပါတယ်။

Click Orlando ဆိုတဲ့ စာမျက်နှာက တစ်ဆင့် ကြေညာခဲ့တဲ့ ဖလော်ရီဒါပြည်နယ် ၊ ၀င်းတာဟာဗန်း မြို့မှာရှိတဲ့ ကမ္ဘာ့ပထမဆုံး Lego ဟိုတယ်ဟာ ဟိုတယ်တစ်ခုလုံးနီးပါးကို Lego အရုပ်တွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

ထို ဟိုတယ်မှာတော့ Check-in လုပ်ရတဲ့ အ၀င်ဝ က ကောင်တာမှာတင် အစိမ်းရောင် နဂါး Lego ရုပ်ကို စတင်တွေ့ရမှာ ဖြစ်ပါတယ်။ Lego ရုပ်အသေး ၅၀၀၀ နဲ့ နံရံတွေကို အလှဆင်ထားပြီး ကလေးတွေအနေနဲ့ မိမိ အခန်းထဲမှာ အိပ်ယာ ကို ကိုယ်တိုင် ဖန်တီး လို့ ရမှာဖြစ်ပါတယ်။

အားလပ်ရက်တွေအတွက် လည်း မိမိတည်းခိုတဲ့ အခန်းရှိရာ အထပ်ကို သွားနေတဲ့ ဓါတ်လှေကားပေါ်မှာတင် ကခုန်နိုင်ရန် Disco Elevator ကို တပ်ဆင်ထားပါတယ်။

ထို ဟိုတယ်မှာ လာရောက်တည်းခိုမယ့် သူတွေဟာ အများဆုံး ၂ ရက်သာတည်းခိုခွင့်ရမှာ ဖြစ်တယ်လို့ ထိုဟိုတယ်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Brittany Williams ကဆိုပါတယ်။ Legoland မှာ ရှိတဲ့အခန်းတွေကိုတော့ ပင်လယ်ဓါးပြ ၊ စစ်သည် စတဲ့ Lego ရုပ်တွေကို ထည့်သွင်းအလှဆင်ထားပါတယ်။

Lego ပရိတ်သတ်တွေအနေနဲ့ ထို Legoland ဟိုတယ်မှာ တည်းခိုဖို့အတွက်တော့ တစ်ညကို ၅၁စတာလင်ပေါင် ကျသင့်မယ်လို့ သိရပါတယ်။

ကလေးငယ်များအတွက် ဖန်တီးပေးထားတဲ့ Legoland ဟိုတယ်ရဲ့ အခန်းတွင်း အပြင်အဆင်


( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment