Powered by Blogger.

ကျားရုပ်ကြီး ခေါင်မိုးပေါ်တင်ခဲ့တဲ့ ကားသမား နောက်ကို ရဲတွေလိုက်




ဘင်္ဂလားကျားကြီးတစ်ကောင် ကားခေါင်မိုးပေါ်တက်ပြီး လှဲလျောင်းနေလို့ ရဲတွေကို ခေါ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါဟာ မွှေးပွအရုပ်ကျားကြီးတစ်ကောင် ဖြစ်နေပါသတဲ့။

ဝါရှင်တန်မှ ရဲအရာရှိတွေဟာ 911 မှတစ်ဆင့် ဖုန်းဖြင့်ဆက်သွယ်တဲ့ ပြည်သူတစ်ယောက်ရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ နာမည်ကျော် Lacamas ရေအိုင် အပန်းဖြေစခန်းနားမှာ ရပ်ထားတဲ့ ကားခေါင်မိုးပေါ်ကို ကျားကြီးတစ်ကောင်တက်ထိုင်နေတာကို ဒေသခံ ပြည်သူတစ်ယောက်က မြင်တဲ့အတွက် ဖုန်းခေါ်ဆိုခဲ့တာပါ။

Camas မြို့ရဲ့ ရဲအရာရှိဖြစ်သူ Rob Skeens က “ ဒီလူက တကယ့်အစစ်လို့ထင်ပြီး ကျွန်တော်တို့ဆီ ဖုန်းခေါ်ခဲ့တာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘယ်အစီရင်ခံစာမှ မလိုအပ်ပါဘူး ဘာလို့လဲဆိုတော့ ကားခေါင်မိုးပေါ်မှာ တိရိစ္ဆာန်အရုပ်တစ်ရုပ်တင်ထားတာဟာ ဘယ်ဥပဒေကိုမှ ကျူးလွန်ခြင်းမဟုတ်တဲ့အတွက်ပါ လို့ ဆိုပါတယ်။

ဒေသတွင်းသတင်းစာတစ်ခုအရ ၁၉နှစ်သား Connor Zuvich ဟာ ရေကန်နားမှာပစ်ထားတဲ့ အမှိုက်အိတ်တွေကြားကနေ ဒီအရုပ်ကိုရှာတွေ့ခဲ့တာ ဖြစ်ပြီး သူ့ကားခေါင်မိုးပေါ်မှာ တင်ထားခဲ့တာဖြစ်ပါသတဲ့။

ပြီးတော့ ဒါကိုဓါတ်ပုံရိုက်ပီး “ကျွန်တော်က ကားခေါင်မိုးပေါ်မှာ ဘင်္ဂလားကျားကြီးကိုတင်ပြီး ကားလျှောက်မောင်းနေတယ်လို့ တစ်ယောက်ယောက်က 911 ကိုဖုန်းခေါ်တိုင်လိုက်တာလား??” လို့ ရေးသားကာ Twitter မှာ တင်ထားခဲ့ပါတယ်။

( MTN )

Ref : Mirror





Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment