Powered by Blogger.

၄၉၂ ကြိမ်တိတိ မူးယစ်ရမ်းကားမှုတွေနဲ့ချည်း အဖမ်းခံခဲ့ရတဲ့ အရက်သမား




အမျိုးသားတစ်ယောက်ဟာ လူကြားထဲမှာ အရက်မူးခဲ့တဲ့အတွက် ၄၉၂ ကြိမ်မြောက် အဖမ်းခံလိုက်ရပါတယ်။ အရင် ၄၉၁ ကြိမ်ဟာလည်း လူကြားထဲမှာ အရက်မူးခဲ့တဲ့အတွက်ပဲ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

Tennessee ပြည်နယ် ၊ Nashville မြို့မှာ နေထိုင်တဲ့ Robert D Brown ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းခေါ်လာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့  သူဟာ လမ်းညွှန် ဆိုင်းဘုတ် ပေါ်မှာ တက်ထိုင်ပြီး ဘီယာ တစ်လီတာ ပုလင်းကို သောက်နေခဲ့လို့ပါ။

အသက် ၄၆ နှစ် ရှိနေပြီဖြစ်တဲ့ Robert ဆိုသူဟာ အရက်သောက်ခြင်းဆိုင်ရာ လူထု ဥပဒေကို ချိုးဖောက်တဲ့ အတွက် ရဲစခန်း မှာ မှုခင်းဓါတ်ပုံ အရိုက်ခံရာမှာတောင် ဓါတ်ပုံများစွာ ရိုက်ယူခဲ့ရပြီး ဓါတ်ပုံတိုင်းမှာ သူ့ရဲ့ မျက်လုံးတွေနဲ့ နှာခေါင်းတွေဟာ အရက်သမားတို့ ထုံးစံအတိုင်း နီရဲနေခဲ့ပါတယ်။

Brown ဟာ အရင်အကြိမ်တွေတုန်းကလည်း မူးယစ်ရမ်းကားခဲ့တဲ့ အတွက် ဥပဒေ အရ အပြစ် ရှိပေမယ့်လည်း ထောင်အာဏာပိုင်တွေပြောကြားချက်အရတော့ သူဟာ လွတ်ငြိမ်းခွင့် အမြဲရခဲ့တဲ့ သူ ဖြစ်တယ်လို့တော့ သိရပါတယ်။

အခုတစ်ကြိမ် အဖမ်းခံရတာလည်း Brown အတွက် သံတိုင်တွေကြားမှာ ၂ ည လောက် အိပ်ဖို့ ဖြစ်လာစေခဲ့ပြန်ပါတယ်။

ဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီးတော့ နယ်ထိန်း Daron Hall က WKRN သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။

" သင်ဟာ လူတစ်ယောက်ကို မူးယစ်ရမ်းကားမှုနဲ့ ထောင် ၅ နှစ်ချလို့မရပါဘူး။ ဥပဒေက သင့်ကိုခွင့်ပြုမှာမဟုတ်ဘူး။ သူတို့ဟာ ဒီည အချုပ်ထဲရောက်မယ် မနက်ဖြန် တရားရုံးထုတ်မယ် ၊ သူတို့ ပြောတဲ့ အပြစ်ဒဏ်ကျခံရမယ်။ ပြီးရင်တော့ ၄၈ နာရီအတွင်း သူ့ကို လွှတ်ပေးရမှာပါ" ။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment