Powered by Blogger.

နွားချေးမှ စွမ်းအင်ထုတ်လုပ် အသုံးပြုသည့် ဘတ်စ်ကား မိုင်နှုန်းမြင့်မြင့်ဖြင့် မောင်းနှင်နိုင်




အင်္ဂလန်နိုင်ငံမှာ အမျိုးအစားတူ ဘတ်စ်ကားတစ်စီးအား နွားချေးမှ စွမ်းအင်ထုတ်လုပ်ပြီး စမ်းသပ်မောင်းနှင် ကြည့်ရာမှာ  ပုံမှန်ဘတ်စ်ကားများနည်းတူ မောင်းနှင်နိုင်ကြောင်းတွေ့ရှိရပါသတဲ့။ တစ်နာရီကို မိုင်ပေါင်း ၇၆.၇၈၅ မိုင်ခန့် မောင်းနှင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နွားချေးကို စွမ်းအင်အဖြစ်ပြောင်းလဲ တီထွင်အသုံးပြုထားသည့် ဘတ်စ်ကားကိုယ်ထည်ကိုလည်း နွားတစ်ကောင်ကဲ့သို့ အဖြူနဲ့အမည်း အစက်အပြောက်များဖြင့် ပြင်ဆင်ဆေးခြယ်ထားပါတယ်။

ဒီဘတ်စကားကို အင်္ဂလန်တောင်ပိုင်းမှ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Reading Buses မှ တည်ထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တစ်နာရီမှာ မိုင်ပေါင်း ၅၆မိုင်ခန့် စက်ချို့ယွင်းမှုမရှိစေရအောင် ကားတိုင်းကို စီစဉ်ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

Reading Buses ရဲ့ အင်ဂျင်နီယာခေါင်းဆောင် John Bickerton က “ ဒါဟာ အရမ်းလေးစားဖို့ကောင်းတဲ့ တိုးတက်မှုပါပဲ၊ Aerodynamics နည်းပညာဟာ တစ်နာရီကို မိုင် ၈၀ မောင်းနှင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာမဟုတ်တဲ့အတွက် Vulcan bomber ရဲ့အသံလိုပါပဲ” လို့ BBC ကို ပြောပြထားပါတယ်။

မီသိန်းဓါတ်ငွေ့လောင်စာအသုံးဝင်မှုနဲ့ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုတွေကို ပိုမိုမြင်သာစေရန် ရည်ရွယ်ပြီး စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်ပါသတဲ့။

မီသိန်းဓါတ်ငွေ့ကို စွမ်းအင်အဖြစ်ပြောင်းလည်းပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် အထူးသင့်တော်တဲ့ ရွေးချယ်စရာ လောင်စာအရင်းအမြစ်ဖြစ်ပါတယ်။ ဒီလိုသုံးစွဲခြင်းအားဖြင့် ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းမှုကိုလျှော့ချနိုင်မယ့်အပြင် မီသိန်းဓါတ်ငွေ့လောင်စာ သုံးစွဲပါက လေထုအတွင်း ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏ များပြားလာမှုကို ကာကွယ်နိုင်မှာဖြစ်တယ်လို့လည်း ကျွမ်းကျင်သူများက ဆိုပါတယ်။

 “ အရေးအကြီးဆုံးကတော့ ဘတ်စ်ကားသယ်ယူပို့ဆောင်မှု ၀န်ဆောင်ရေးမှာ ညစ်ပတ်နံစော်ပြီး နှေးကွေးတယ်ဆိုတဲ့ ပုံရိပ်ဟောင်းကြီးကို ဖယ်ရှားပစ်ပြီး ခေတ်မီမြန်ဆန်ပြီး တီထွင်ဆန်းသစ်မှုတွေနဲ့ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ် ” Bickerton က ပြောပြသွားပါတယ်။

အင်္ဂလန်မှာ နောက်ထပ်ဘတ်စ်ကားတစ်စီးကတော့ လူ့မစင်ကနေ ထုတ်လုပ်ထားတဲ့ ဇီဝမီသိန်းလောင်စာနဲ့ မောင်းနှင်ပြေးဆွဲနေပါသတဲ့။

( MTN )

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment