Powered by Blogger.

လေကြောင်းခရီးစဉ် ထိုင်ခုံပြည့်သွားလို့ လေဆိပ်ထဲမှာ ကိုယ်တုံးလုံးနေခဲ့တဲ့ အမျိုးသား




အမျိုးသား တစ်ယောက်ဟာ သူလိုက်ပါမယ့် လေကြောင်းခရီးစဉ် ဟာ ထိုင်ခုံ ပြည့်သွားတဲ့အတွက် ဘာမှ မလုပ်နိုင်ဖြစ်ခဲ့ပြီး လုပ်နိုင်တာကိုပဲ သူလုပ်လိုက်ပါတယ်။ အဲဒါကတော့ လေဆိပ်ထဲမှာ ကိုယ်တုံးလုံး နဲ့ နေပလိုက်တာပါပဲ။

WBTV သတင်းဌာန ရဲ့ သတင်းတွေအရတော့ အမည်မဖော်လိုသူ ထို ပုဂ္ဂိုလ်ဟာ ဂျမေကာ နိုင်ငံကို သွားဖို့အတွက် Charlotte Douglas လေဆိပ်ကို ရောက်ရှိလာပါတယ်။

ဒါပေမယ့်လည်း အမေရိကန် လေကြောင်းလိုင်း ရဲ့ ခရီးစဉ်(Flight) မှာ သူလိုက်ပါခွင့်မရလိုက်ပါဘူး။ အကြောင်းအရင်းကတော့ ခုံပြည့်သွားလို့ပါ။

မျက်မြင်သက်သေတစ်ယောက်ဖြစ်တဲ့ Sherry Ketchie က WBTV သတင်းဌာန ကို  -

"အဲဒီ အဖိုးကြီးမှာ အစက အကျီင်္တွေဝတ်ထားပါတယ်။ အဲဒီနောက် သူ ကောင်တာမှာရှိတဲ့ အမျိုးသမီးတွေကို အော်ပြီး အပြစ်တင်ပါတယ်။ ပြီးတော့ သူ တိတ်ဆိတ်သွားပြီး ငြိမ်ငြိမ်လေးရပ်နေပါတယ်။ အဲဒီနောက်မှာမှ သူ့ရဲ့ အ၀တ်အစားတွေကို ချွတ်ချခဲ့တာဖြစ်ပါတယ်။" လို့ ပြောပြခဲ့ပါတယ်။

Ketchie ရဲ့ ပြောကြားချက်အရတော့ ထို ပုဂ္ဂိုလ်ဟာ လုံခြုံရေးဝန်ထမ်းတွေ လာမခေါ်ခင် အချိန်အထိ ကိုယ်တုံးလုံး နဲ့ တစ်နာရီခန့် မတ်တပ်ရပ်နေခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့တွေရောက်လာတဲ့အခါမှာတော့ သူ့ကို လေဆိပ်အပြင်ကို ဆွဲခေါ်သွားခဲ့ပါတယ်။ ရဲတွေရဲ့ ပြောပြပုံအရတော့ ဒီလူဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေတယ်လို့ သိရပါတယ်။ ထို လူ ရဲ့ လုပ်ရပ်ဟာ ပြစ်ဒဏ်ကျခံရလောက်တဲ့အထိ အရေးယူနိုင်စရာ မရှိပေမယ့်လည်း ဂျမေကာ သွားမယ့် နောက်ထပ်လေယာဉ်တစ်စီး ကို တော့ စီးနင်းခွင့်ရမယ့်ပုံ မပေါ်တော့ပါဘူး။



( Mario )

Ref : elitedaily
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment