Powered by Blogger.

New York ရဲ့ ရထားလမ်းမတွေအနီးမှာ တိရိစ္ဆာန်ဦးနှောက် ၉ ခုကိုရှာဖွေတွေ့ရှိ




မျက်မြင်သေသက်တွေနဲ့ ရဲတွေအဆိုအရ New York ရဲ့ ရထားလမ်းမတွေအနီးမှာ တိရိစ္ဆာန်ဦးနှောက် ၉ ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

နယူးယောက်၊ Gouverneur မှနေထိုင်သူ Clover Forsythe က North Country Now ကိုပြောပြတာကတော့ သူ့ရဲ့အိမ်နီးချင်းဖြစ်သူဟာ ခွေးလေးတွေနဲ့အတူ လမ်းလျှောက်ထွက်စဉ် ဒီကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို တွေ့ခဲ့ရတာပါတဲ့။

သူဟာ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဒီဦးနှောက်ပုံတွေကို တင်ထားခဲ့ပြီး “ ပန်းသီးတစ်လုံးရဲ့အရွယ်အစား အတိုင်းပါပဲ” လို့လည်း ရေးသားထားပါတယ်။

သက်ဆိုင်ရာ ရဲတွေကတော့ ဦးနှောက်တစ်ခုကို Dr.Tim Monroe ထံသို့ သယ်ဆောင်စစ်ဆေးခဲ့ကာ ဒေါက်တာက ဒါဟာ ခွေးတစ်ကောင်ရဲ့ဦးနှောက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထုတ်ယူထားတာဖြစ်ပြီး ဖော်မလင်လည်း စိမ်ထားခဲ့တာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Monroe က ဦးနှောက်တစ်ခုဟာ ၇၀ ဂရမ်လောက်လေးပြီး ဒါဟာ ခွေးတစ်ကောင်ရဲ့ ဦးနှောက်အရွယ်အစားပါပဲ လို့ ပြောခဲ့ပါတယ်။

ဦးခေါင်းခွံလို အရိုးအောက်ကနေ ဦးနှောက်ကို ထုတ်ယူတဲ့အခါ မပွန်းမပဲ့ ထုတ်ယူထားနိုင်တာကို တကယ်လေးစားပါတယ်။ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ စုဆောင်းသိမ်းဆည်းထားမှုဖြစ်ပြီး ကြာရှည်ခံပြုလုပ်ခဲ့ပြီး ခုတော့ လွှင့်ပစ်လိုက်တာ ဖြစ်ပါလိမ့်မယ် လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ကလည်း ဒါဟာ ရာဇ၀တ်မှု မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့ပါသတဲ့။

 “နည်းနည်းတော့ ရှုပ်ထွေးသွားပေမယ့် ခွေးတွေကိုဖမ်းဆီးသတ်ဖြတ်နေတာ မရှိဘူးဆိုတော့ နည်းနည်းတော့ စိတ်အေးသွားရပေမယ့် ဘယ်သူက ဒီမှာလာထားသွားတာလဲ ဆိုတာကတော့ ခုထိထူးဆန်းနေတုန်းပါပဲ” လို့ Forsythe က ဖေ့ဘွတ်မှာ ရေးသားထားခဲ့ပါတယ်။

( MTN )

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment