Powered by Blogger.

Hoverboard စီးကာ လေပေါ်ကနေ ပေ ၁၀၀၀ ခန့် ပျံသန်းပြပြီး ဂရင်းနစ်စံချိန်တင်ခဲ့သူ




ဒါဟာ Dynamo ရဲ့ မျက်လှည့်ပြကွက်တစ်ခုမဟုတ်သလို Back to the Future ရဲ့ မကြာမီ ပြုလုပ်မယ့် နှစ်ပတ်လည်အတွက် ဈေးကွက် ချဲ့ထွင်ဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။

ကနေဒါနိုင်ငံက တီထွင်ဖန်တီးသူ Catalin Alexandru Duru ရဲ့ ကမ္ဘာ့ ဂရင်းနစ် စံချိန်တင် ဖို့အတွက် ကိုယ်တိုင်ပြုလုပ်တဲ့ Hoverboard စီးပြနေတာပဲဖြစ်ပါတယ်။

ကနေဒါနိုင်ငံ ၊ Quebec ကန်ထဲမှာ ပေ ၁၀၀၀ ခန့်ကို prototype တစ်ခုနဲ့ ဖြတ်သန်းပြပြီး ဂရင်းနစ်စံချိန်တင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

"ဒီ Prototype ဟာ နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက် အမြင့်မှာ ပျံသန်းလဲဆိုတာပေါ် မူတည်ပြီး အန္တရာယ်ရှိနိုင်တဲ့ အတွက် ရေပြင်ပေါ်မှာသာ သုံးသင့်ပါတယ်။" လို့ Duru က ရှင်းပြထားပါတယ်။

ထို Prototype ဟာ ဒေါ်လာ ၁၀၀၀၀ တန်တဲ့ Hoverboard တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ Hoverboard ကို အသုံးပြုဖို့အတွက် စကိတ်စီးသလိုပဲ စီးတဲ့လူရဲ့ ခန္ဓာကိုယ်ကို ထိန်းညှိပြီး စီးနင်းရတာဖြစ်သလို Spider Man ဇာတ်လမ်းထဲက Green Goblin အသုံးပြုတဲ့ Prototype နဲ့ ဆင်တူပါတယ်။





Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment