Powered by Blogger.

ဖြတ်သန်းသွားတဲ့ လေယာဉ်ပေါ်က( မစင် ) မိုးတွေ ရွာချသွားတဲ့အတွက် မွေးနေ့ပွဲ ပျက်ခဲ့ရ




မိသားစု တစ်ခုဟာ ကလေးငယ်တစ်ယောက်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပနေစဉ်မှာပဲ လေယာဉ်တစ်စီးက စွန့်ပစ် အညစ်အကြေး ( မစင် ) တွေကို ပစ်ချသွားတဲ့အတွက် မိသားစုပါတီ မွေးနေ့ပွဲလေးခမျာ ညစ်ပတ်သွားရရှာပါတယ်။

သူတို့ဟာ မွေးနေ့ကိတ် ကို လှီးပြီး မိနစ်ပိုင်းခန့်အကြာမှာပဲ သူတို့ အပေါ်က ဖြတ်ပြီး ပျံသန်းသွားတဲ့ လေယာဉ်ပေါ်ကနေ ( မစင် ) မိုးတွေ ရွာချသွားတဲ့အတွက် မွေးနေ့ပွဲ ကျင်းပနေတဲ့ ပန်းခြံ တစ်ခုလုံးလည်း ညစ်ပတ်သွားရသလို ပါတီပွဲ ကို လာရောက်တဲ့ ဧည့်သည် ၄၀ ကျော် ဟာလည်း ချက်ချင်း ထပြန်သွားကြပါတယ်။

အမေရိကန် ပြည်ထောင်စု ၊ Pennsylvania ပြည်နယ် မှာ ကျင်းပတဲ့ ထိုမွေးနေ့ပွဲကို လာရောက်တဲ့ Kirstie Rogy ဆိုသူ ဧည့်သည်က WNEP သတင်းဌာန ကို ပြောပြခဲ့တာကတော့ " ကျွန်တော် တို့ ကိတ်မုန့်ခွဲပြီးပြီးချင်း ကိတ်မုန့်ကို သိမ်းထားလိုက်မိတာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ ၂ မိနစ်လောက်ကြာတဲ့အခါမှာ ကောင်းကင်ကနေ တစ်ခုခုကျလာပါတယ်။ အညိုရောင်တွေပါ။ အဲဒါတွေက နေရာတိုင်းကို ကျလာပါတယ်။" လို့ ပြောပြခဲ့ပါတယ်။

ထို ခြံဝန်းထဲမှာ တပ်ဆင်ထားတဲ့ အမိုးတွေက ဧည့်သည်တွေကို မစင်မိုးရွာတဲ့ကြားက ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

မွေးနေ့ပွဲ ကို ကျင်းပတဲ့ ခြံပိုင်ရှင် မိသားစုတွေကတော့ ဒါဟာ လူသားတွေရဲ့ အညစ်အကြေး ( မစင် ) တွေ လေယာဉ်ပေါ်က ကြလာတယ်ဆိုတာကို လက်ခံလိုက်ကြပါတယ်။ အဲဒီအချိန်ဝန်းကျင်က သူတို့ ခြံဝန်းအပေါ်က ဖြတ်သန်း ပျံသန်းသွားတဲ့လေယာဉ် ၅ စီးရှိနေပါတယ်။

( Mario )

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment