General Knowledge for Weekend
ကမ္ဘာ့ပထမဆုံး အမျိုးသမီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်Bertha Sphie Felicita von Suttner |
ကမ္ဘာပေါ်မှာ ပထမဆုံး နိုဘယ်လ် ဆု ရရှိခဲ့တဲ့ အမျိုးသမီးကတော့ ပိုလန်-ပြင်သစ် သိပ္ပံပညာရှင် Marie Curie ဖြစ်ပြီး ရေဒီယို သတ္တိကြွခြင်းကို ဦးဆောင်လေ့လာခဲ့တဲ့အတွက် ရူပဗေဒ နိုဘယ်လ် ဆုကို ၁၉၀၃ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သူမဟာ radium နဲ့ polonium ဓါတ်တွေကို လေ့လာတွေ့ရှိခဲ့တဲ့အတွက် ၁၉၁၁ ခုနှစ်မှာလည်း ဓါတုဗေဒ ဆိုင်ရာ နိုဘယ်လ် ဆု ကို ထပ်မံ ရရှိခဲ့ပါသေးတယ်။
သူမတင်မကပဲ သူမရဲ့ ခင်ပွန်းဖြစ်သူ Pierre နဲ့အတူ သူမရဲ့ သမီးနဲ့ သားမက်တို့ကလည်း ၁၉၃၅ ခုနှစ်မှာ ဓါတုဗေဒ ဆိုင်ရာ နိုဘယ်လ် ဆု ကို ပူးတွဲရရှိခဲ့ကြသလို UNICEF ရဲ့ ဒါရိုက်တာဖြစ်လာတဲ့ အခြား သားမက်တစ်ယောက်ကလည်း ၁၉၆၅ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ် ဆိုကို ထပ်မံ ရရှိခဲ့ပါသေးတယ်။
ကမ္ဘာ့ပထမဆုံး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီး ကတော့ Bertha Sphie Felicita von Suttner ဆိုသူ အမျိုးသမီးပဲ ဖြစ်ပြီးသူမဟာ စစ်ပွဲဆန့်ကျင်ရေး ၀ထ္ထု စာအုပ် တစ်အုပ်ကို ရေးသားခဲ့တဲ့အတွက် ၁၉၀၅ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ် ဆိုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး စာပေနိုဘယ်လ် ဆုရှင်အမျိုးသမီးကတော့ ဘဲငန်းတစ်ကောင်ကိုစီးပြီးဆွီဒင်နိုင်ငံကို ပတ်ပြီးပျံသန်းပြခဲ့တဲ့ ကောင်လေး အကြောင်း ၀ထ္ထုရေးသားခဲ့သူ စာရေးဆရာမ Selma Lagerlof ဖြစ်ပြီး ၁၉၀၉ ခုနှစ်မှာ ဆုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ နိုဘယ်ဆုရှင် ပထမဆုံး အမျိုးသမီးကတော့ သကြားကရရှိတဲ့ Glycogen ကို စွမ်းအင်အဖြစ်အသုံးပြုနိုင်တာကိုလေ့လာတွေ့ရှိခဲ့တဲ့ Gerty Theresa Cori ဆိုသူဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်အထိ မှတ်တမ်းတွေအရတော့ ကမ္ဘာမှာ အမျိုးသမီး ၄၄ ယောက်တိတိ နိုဘယ်လ်ဆု ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
ကမ္ဘာ့ပထမဆုံးအမျိုးသမီး စာပေနိုဘယ်လ်ဆုရှင် Selma Lagerlof |
( Mario )
Ref : History
0 comments:
Post a Comment