Powered by Blogger.

ဗြိတိန်နိုင်ငံ ရဲ့ အကောင်းဆုံး ရုံးခန်း







လုပ်ငန်းတစ်ခုမှာ ရုံးခန်းတစ်ခု မှာ ၀န်ထမ်းတွေစိတ်ချမ်းသာမှ အလုပ်တွေ ပိုမိုပြီးမြောက်နိုင်မှာပါ။ သူဋ္ဌေးရဲ့ စိတ်နေစိတ်ထား ဟာ လည်း အရေးကြီးသလို ရုံးခန်းရဲ့ အပြင်အဆင်ဟာလည်း အရေးကြီးပါတယ်။

ဗြိတိန်နိုင်ငံမှာ တော့ ၀န်ထမ်းတွေအတွက် လိုအပ်သမျှ ပြည့်စုံနေပြီး အလုပ်ကိုနေ့စဉ် အချိန်မှန် ရောက်နေစေဖို့ အပြင်အဆင်တွေ ဖန်တီးထားတဲ့ ရုံးခန်းတစ်ခန်းရှိနေပါတယ်။ ဒီရုံးခန်းဟာ တော့ အားလပ်ရပ် အပန်းဖြေ စခန်းတစ်ခု လိုပင် ပြည့်စုံနေပါတယ်။ ထိုရုံးခန်းမှာ ရုပ်ရှင်ရုံ အသေးစားတစ်ခု ပါဝင်ပြီး ၊ အစားအသောက်အတွက် အခမဲ့ဖန်တီးပေးထားသလို ရုံးတွင်းကမ်းခြေတစ်ခုပါ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

ထိုရုံးခန်းကတော့ အွန်လိုင်းကနေ ကားငှားရတဲ့ ၀န်ဆောင်မှု ကုမ္မဏီ Rentalcar.com ရဲ့ ရုံးခန်းဖြစ်ပြီး မန်ချက်စတာ မြို့မှာ တည်ရှိပါတယ်။ ထိုရုံးခန်းကို စတာလင်ပေါင် ၂.၇ သန်း အကုန်အကျခံပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

၃၈၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ထို ရုံးခန်းမှာ ၀န်ထမ်းတွေအနေနဲ့ စိတ်ဖိစီးမှုတွေများလာတဲ့အခါ လုပ်လက်စ အလုပ်ကို ခဏ ထားပြီး စိတ်အပြောင်းအလဲတွေ ဖန်တီးနိုင်ဖို့ ဂိမ်းကစားလို့ ရမယ့် စားပွဲ တွေ ၊ မနက်စာ နေ့လည်စာ အချိန်မရွေးစားနိုင်မယ့် ထမင်းစားခန်း တစ်ခု အပြင် ရုံးတွင်း ပန်းခြံတစ်ခုနဲ့ ရုံးခေါင်းမိုးပေါ်မှာ ဖန်တီးထားတဲ့ ကမ်းခြေငယ် တစ်ခုတို့ကိုလည်း ၀န်ထမ်းတွေအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။








( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment