Powered by Blogger.

တရုတ်နိုင်ငံမှ ခွေးလေးတစ်ကောင်ဟာ ဒေါ်လာ ၁၂,၀၀၀ တန် Apple နာရီများဖြင့် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေ



Katy Perry, Beyonce’ နှင့် Jay Z တို့မှာရှိတဲ့ တိဘက် ဟတ်စကီးအမျိုးအစား ခွေးကလေးဟာ သူ့ရဲ့ခြေထောက်ကလေးတွေမှာ Apple ရွှေရောင်နာရီနှစ်လုံးနဲ့ တွေ့ရှိခဲ့ရပါတယ်။

TIME မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ အဲဒီခွေးလေးဟာ တရုတ်ပြည်ရဲ့ ဘီလီယံနာ Wang Jialin ရဲ့ သားဖြစ်သူ Wang Sicong မွေးမြူထားတဲ့ သူ့ရဲ့အချစ်တော်ခွေးကလေး Wang Ke ဖြစ်ပါသတဲ့။

Wang Jianlin ဟာ ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၃၈.၆ ဘီလီယံမျှ ချမ်းသာပြီး တရုတ်ပြည်ရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်း Dalian Wanda Group ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။

Apple တံဆိပ် ရွှေနာရီတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁,၀၀၀ နဲ့ ၁၇,၀၀၀ ကြားမှာ ရှိပါတယ်။ Digital Trends သတင်းဌာနအဆိုအရ Wang Ke ဆိုတဲ့ခွေးလေးရဲ့ လက်နှစ်ဖက်မှာတပ်ဆင်ပေးထားတဲ့ မော်ဒယ်လ်အမျိုးအစားတွေဟာ တန်ဖိုးအားဖြင့် နာရီတစ်လုံးကို ဒေါ်လာ ၁၂,၀၀၀ မျှ အဖိုးတန်ပါသတဲ့။

နောက်ဆုံးပေါ်နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ Apple နာရီတွေ ၀တ်ဆင်ထားတဲ့ ခွေးလေးပုံကို တနင်္လာနေ့က တရုတ်ပြည်ရဲ့ Twitter လူမှုကွန်ယက်စာမျက်နှာလို ဖြစ်တဲ့ Weibo လူမှုကွန်ယက်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံနှင့်အတူ “ ကျွန်တော်တော့ နာရီအသစ်လေးတွေရပြီ! ကျွန်တော့်မှာ ခြေလက်လေးဖက်ရှိတဲ့အတွက် နာရီလေးလုံးရှိသင့်ပေမယ့် ဒါပေမယ့် သိပ်အဆင်မပြေဘူးဆိုတော့ နှစ်ခုနဲ့ပဲကျေနပ်လိုက်ပါတယ်။ ခင်ဗျားတို့မှာကော ကျွန်တော့်လိုနာရီ ရှိလား?? “ လို့လည်း ရေးသားထားပါသေးတယ်။

( MTN )

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment