Powered by Blogger.

လိပ်တစ်ကောင်ကို သားတစ်ယောက်လို ပြုစုစောင့်ရှောက် ခဲ့တဲ့ ဂျပန်နိုင်ငံက အဖိုးအို




ကလေးမရှိတဲ့ အမျိုးသားတစ်ဦးဟာ ၇၀ ကီလိုဂရမ် ခန့် အလေးချိန်ရှိတဲ့ လိပ်တစ်ကောင်ကို သူ့ရဲ့ သားအရင်းသဖွယ် ပြုစုစောင့်ရှောက်ထားပါတယ်။

သူဟာ သူ့ရဲ့လိပ်လေးကို သူကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပေးပြီး နေ့စဉ် ၂ နာရီလောက် လမ်းထွက်လျှောက် လေ့ရှိတယ်လို့ သိရပါတယ်။

အသက် ၆၂ နှစ်အရွယ် အသုဘ ဒါရိုက်တာ Mitani Hisao  ဆိုသူဟာ ထို လိပ်လေး ၅ စင်တီမီတာသာ ရှိတဲ့အရွယ်ကတည်း တိုကျိုမြို့ကနေ ၀ယ်ယူလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၁၅ နှစ်ကြာတဲ့အခါမှာ Bon Chan လို့အမည်ပေးထားတဲ့ ထိုလိပ်လေးဟာ ကြီးထွားလာခဲ့ပြီး အခုဆိုရင် သူ့ရဲ့ လိပ်ခွံ အချင်းဟာ ၇၅ စင်တီမီတာ ရှိနေပြီဖြစ်ပါတယ်။

"ကျွန်တော်တို့လင်မယားမှာ ကလေးတစ်ယောက်မှ မရှိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၉ နှစ်လောက်တုန်းက ကျွန်တော့် ဇနီးက အိမ်မွေးတိရိစ္ဆာန်ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ လိပ်လေးကို စတွေ့ခဲ့ပြီး မသိစိတ်က အဲဒီလိပ်လေးနဲ့ ချိတ်ဆက်နေမိတဲ့အတွက် လိပ်မပါပဲ ဆိုင်ထဲက ပြန်မထွက်လာနိုင်ခဲ့ပါဘူး။ ဒါပေမယ့်ဒီလောက်ထိ အကောင်ကြီးလာလိမ့်မယ်လို့ မထင်ခဲ့မိဘူး" လို့ Mitani ကဆိုပါတယ်။

Mitani ဟာ Bon Chan ဆိုတဲ့ လိပ်ကလေးကို ခေါ်ပြီး ရပ်ကွက်ထဲ မှာ လမ်းလျှောက်ထွက်တဲ့အခါ လိပ်လေးကို သူကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အ၀တ်အစားတွေ ၀တ်ပေးထားပါတယ်။ အဲဒီလို ၀တ်ပေးထားတာဟာလည်း ရာသီဥတု ရဲ့ အအေးဓါတ်ကို ထိုလိပ်လေး ခံနိုင်ရည်ရှိစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော် သယ်လာတဲ့ အိတ်ထဲမှာ မုန်လာဥတွေ ၊ ဂေါ်ဖီ တွေ ၊ ကန်စွန်းရွက်တွေပါလာပါတယ်။ ပြီးရင်သူ့ရဲ့ မစင်တွေကို သိမ်းဆည်းဖို့ ပလတ်စတစ် အိတ်တစ်လုံးလည်းပါဝင်ပြီး သူ ပလက်ဖောင်းတွေပေါ် သေးပေါက်တဲ့အခါမှာ ဆေးကြောဖို့ ရေသန့် တစ်ဘူးလည်း ပါဝင်တယ်" လို့ Mitani က ဆိုပါတယ်။

ထို လိပ်လေးကို ပတ်ဝန်းကျင်ကလည်းချစ်ကြပြီး ထို လိပ်လေးဟာ သတ်မှတ်ထားတဲ့ လမ်းကို နေ့စဉ်လျှောက်လာခဲ့တဲ့အတွက် သူ့အတွက် ၂ နာရီကြာ သွားရတဲ့ခရီးကို ၁ နာရီခွဲလောက်နဲ့ သွားနိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment