Powered by Blogger.

Illinois မှ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ အယောက်၁၀၀မြောက် မြေးကလေးကို ကြိုဆိုခဲ့ကြပါသတဲ့




Illionois မှ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် နှစ် ၆၀ပြည့်ခါနီးမှာ မိသားစုထဲကို ရောက်ရှိလာခဲ့တဲ့ အယောက်၁၀၀မြောက် မြေးလေးကို ကြိုဆိုဂုဏ်ပြုကြောင်း ကြေညာခဲ့ပါတယ်။

Quincy မှာ လက်ထပ်ပြီးကတည်းက ၅၉နှစ်ကြာ နှစ်ထိုင်ခဲ့တဲ့ Leo နှင့် Ruth Zanger တို့ဟာ ဧပြီ ၈ရက်နေ့က မွေးဖွားခဲ့တဲ့ ကလေးလေး Jaxton Zanger ဟာ သူတို့ရဲ့ ၄၆ကြိမ်မြောက် မြစ်ကလေးရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း မြေး ၁၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဒီစုံတွဲက သူတို့မှာ သားသမီး ၁၂ ယောက်၊ မြေး ၅၃ ယောက်၊ မြစ် ၄၆ ယောက်နဲ့ တီကလေး၁ ယောက်ရှိပြီ ဖြစ်ကြောင်း ပြောပြထားပါသေးတယ်။

 “ ကျွန်တော်တို့ ခုဆိုရင် ကိုယ်ပိုင်မြို့တစ်မြို့ တည်ထောင်လို့ရပါပြီ” လို့ Leo Zanger က Quincy Herald-Whig သတင်းဌာနကို နောက်ပြောင်ပြောကြားထားပါသတဲ့။

သူတို့မိသားစုကြီးဟာ အလွန်ချစ်ခင်ရိုင်းပင်းကြပြီး အကုန်လုံးနီးပါးဟာ Quincy ဒေသမှာပဲ နေထိုင်ကြပါသတဲ့။ မိသားစု တွေ့ဆုံပွဲလုပ်ဖို့ Church ဘုရားကျောင်းတစ်ခုလုံး ငှားရပြီး ၀က်ပေါင်ခြောက် ပေါင် ၅၀ ဒါမှမဟုတ် ကြက်ဆင် ၁၀ကောင်ခန့်လိုအပ်ကြောင်း ပြောပြပါတယ်။

Leo Zanger က “ ဒီလို မိသားစု စုံစုံညီညီတွေ့ရတာကို ကျွန်တော်တို့ နှစ်သက်ပါတယ်”  လို့ဆိုပါတယ်။

Zanger မိသားစုက ဒီလိုသူတို့မိသားစု ကြီးထွားများပြားလာတာကို ကြည့်ရတာကို သဘောကျပါသတဲ့။

Ruth Zanger က “ ကျွန်မတို့ရဲ့ မြေးကလေးတွေအကုန်လုံးက ကျွန်မတို့ကို သိကြပါတယ်” လို့ ပြောသွားပါသေးတယ်။

( MTN )

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment