Powered by Blogger.

မုတ်ဆိတ်မွေးတွေထဲမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ မြောက်များစွာ ရှိနေနိုင်


မုတ်ဆိတ်မွေးတွေထဲမှာ မစင်တွေမှာ ထက်ပိုများတဲ့ ဘက်တီးရီးယားတွေ ရှိနေနိုင်ပါတယ်။


အမျိုးသားတစ်ချို့ ကြိုက်နှစ်သက် မြတ်နိုးစွာ ထားရှိထားတဲ့ မုတ်ဆိတ်မွေးတွေထဲမှာ မစင်တွေမှာ ထက်ပိုများတဲ့ ဘက်တီးရီးယားတွေ ရှိနေလိမ့်မယ်လို့ လော့လာမှု တစ်ခုအရ သိရပါတယ်။

ကျွမ်းကျင်သူတွေဟာ မုတ်ဆိတ်မွေး ချစ်မြတ်နိုးသူတွေကို မုတ်ဆိတ်တွေ ရိတ်ပစ်ဖို့ တိုက်တွန်းလိုက်တာ မဟုတ်ပေမယ့်လည်း မုတ်ဆိတ်မွေးနဲ့ ယောကျာင်္းတွေအားလုံး စိတ် ကသိကအောက် ဖြစ်သွားမှာတော့ အမှန်ပါ။

ဒီလေ့လာမှုကတော့ နယူးမက္ကဆီကို ပြည်နယ်က တီဗွီ သတင်း ကွန်ရက်တစ်ခု ရဲ့ လေ့လာမှု အပေါ်အခြေခံထားပါတယ်။ အနုဇီဝ ပညာရှင် တစ်ယောက်ဖြစ်တဲ့ John Golobic ဟာ လူတွေရဲ့ အူလမ်းကြောင်းတွေ မှာသာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားတွေကို မုတ်ဆိတ်မွေးတွေ ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

"ဒါတွေက မစင်တွေထဲမှာ ပဲ တွေ့ရတတ်တဲ့ အရာတွေပါ။ ကျွန်တော် မအံ့သြတတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အံ့သြသွားခဲ့ရပါတယ်" လို့ Golobic ကဆိုပါတယ်။

ဒါ့အပြင် ကျွမ်းကျင်သူတွေ ငြင်းခုံနေကြတဲ့ အရာကတော့ မုတ်ဆိတ်မွေးရှိတဲ့ လူတွေဟာ မုတ်ဆိတ်မွေးမရှိ တဲ့ သူတွေထက် တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းတယ်ဆိုတာပါပဲ။ မုတ်ဆိတ်မွေး ရှိသူတွေဟာ တစ်ကိုယ် ရည်သန့်ရှင်းရေးကို ဂရုစိုက်တယ် ၊ သန့်သန့်ရှင်းရှင်းနေတတ်ကြတယ်ဆိုပေမယ့်လည်း မုတ်ဆိတ်မွေးတွေထဲမှာ လေထုထဲက မမြင်ရတဲ့ အညစ်အကြေးတွေ ၊ ဘက်တီးရီးယားတွေက တော့ အလွယ်တကူ ၀င် ရောက်နေနိုင်ပါတယ်။

အဆိုးဆုံး တစ်ခုကတော့ မုတ်ဆိတ်မွေး ရှိသူတွေဟာ သူတို့ရဲ့ မုတ်ဆိတ်မွေးတွေက တစ်ဆင့် အခြား သူတွေထံသို့ ဘက်တီးရီးယားတွေ ကူးစက် ပြန့်ပွားစေနိုင်ပါတယ်။

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment