Powered by Blogger.

Hulk ဇာတ်ကောင် လိုဖြစ်ချင်ရာကနေ ကြွက်သားတွေ အလွန်ကြီးထွားလာခဲ့တဲ့ အမျိုးသား




ကြွက်သားတွေကို Hulk ကာတွန်းဇာတ်ကောင်လို သန်မာ လာချင်တဲ့ ဘရာဇီးလ် လူမျိုးတစ်ယောက် ဟာ ကံကောင်းလို့ အသက်ဆက်ရှင်သန်ခွင့်ရခဲ့တာပါ။

Romario Dos Santos Alves ဆိုသူ အမျိုးသားဟာ သူကစားနေကြ အားကစား ခန်းမ မှာ ဆီနဲ့ အရက်ကို ရောစပ်သောက်သုံးပြီး ကြွက်သားကြီးထွားစေနည်းကို လွန်ခဲ့တဲ့ ၃ နှစ်ခန့်မှာ စတင်ကြားဖူးခဲ့ပါတယ်။

အဲဒီလို သောက်သုံးပြီးတဲ့နောက်မှာတော့ Santos Alves ရဲ့ ကြွက်သားတွေဟာ ၂၅ လက်မ အထိ လုံး ပတ် ရှိလာခဲ့ပြီး သူ့ရဲ့ အရေပြားတွေဟာ မာကြောလာတဲ့အတွက် နွားသိုးတွေကို ထိုးတဲ့ အပ်မျိုးနဲ့ပဲ သူ့ရဲ့ အရေပြားကို ထိုးဖောက်နိုင်ပါတော့တယ်။

အဲဒီလို အနာကျင်ခံပြီး ကြွက်သားတွေ ဖန်တီးခဲ့တဲ့ Alves အတွက် တန်ပြန်ရလဒ်ကတော့ ပတ်ဝန်းကျင် က ရွံရှာ ကြောက်လန့် မှုကို ပဲပြန်ရခဲ့ပါတယ်။

"တစ်ခါတုန်းက ကျွန်တော် ကက်သလစ် ချာ့ခ်ျ တစ်ခုမှာ အလုပ်လုပ်နေတုန်း အမျိုးသမီးတစ်ယောက်ရောက် လာပါတယ်။ သူမက ပြောပါတယ်။ သူမရဲ့ ၁၂ နှစ်အရွယ် သမီးလေး ဟာ ချာ့ခ်ျထဲကို ၀င်မလာရဲပါဘူး။ ကျွန်တော့်ကို ကြောက်လို့ပါ။ အဲဒီကလေးမလေး ရဲ့ အမြင်မှာတော့ ကျွန်တော်ဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဖြစ်နေပါတယ်။ ကျွန်တော် ခေါင်းငိုက်စိုက်ကြသွားခဲ့ပြီး ဘာမှ မပြောနိုင်တော့ပါဘူး" လို့ Alves က ပြောပြပါတယ်။

Alves ဟာ သူ့ရဲ့ ဇနီးသည် ကိုယ်ဝန် ၆ လ ရနေချိန်မှာ အလုပ်ကထွက်ခဲ့ရတဲ့အတွက် ကိုယ့်ကိုကိုယ်     သေကြောင်းကြံဖို့လည်း ကြိုးစားခဲ့ဖူးသလို သူ့ရဲ့ လက်မောင်းတွေကို ဖြတ်တောက်ပစ်ဖို့လည်း ဆုံးဖြတ်ခဲ့ ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆရာဝန် တွေက သူ့ရဲ့ လက်မောင်းထဲမှာ ရှိတဲ့ ကြွက်သားတွေကို ခွဲစိတ်ဖယ်ရှားပေးနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။

Ref : elitedaily


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment