Powered by Blogger.

ပိုင်ရှင်ရဲ့ကားကို ရေးကူးကန်တစ်ခုအတွင်း ထိုးစိုက်သွားစေခဲ့တဲ့ ခွေး


ခွေးတစ်ကောင်ဟာ သူ့ပိုင်ရှင်ရဲ့ ကားနဲ့ စတိုင်းဆိုင်တစ်ဆိုင်သွားနေစဉ် လီဗာ ကို နင်းမိပြီး ကားကို ရေကူးကန်တစ်ခုအတွင်း ထိုးစိုက် သွားစေခဲ့ပါတယ်။

Caroline လို့အမည်ပေးထားတဲ့ အနက်ရောင် labrador ခွေးလေးဟာ ကားပေါ်မှာ ထိုင်နေစဉ် အလန့် တကြား တစ်ခု ဖြစ်သွားတဲ့အတွက် ကြောက်လန့်ပြီး ကားကို အရှိန် မြှင့်တင်တဲ့ လီဗာပြား ပေါ် ခုန်ချမိကာ ကားကို ရေထဲသို့ ထိုးကျစေခဲ့တာဖြစ်တယ်လို့ ခွေးရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Michael နဲ့ Ruth Smith တို့က ဆိုပါတယ်။

အမှန်တော့ ထိုခွေးလေး Caroline ဟာ ကားရဲ့ နောက်ခန်းမှာ ထိုင်နေခဲ့တာဖြစ်ပြီး သရဲခြောက်ခံရ သလိုဖြစ်ကာ ကြောက်လန့် သွားတဲ့အတွက် အရှေ့ခန်းက ခြေနင်းနေရာနားကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ အရှိန်မြှင့်တင်တဲ့ လီဗာပြားပေါ် တက်ထိုင်မိပြီး ကားဟာ အရှိန်မထိန်းနိုင်တဲ့ပဲ အိမ်တစ်အိမ်ရဲ့ နောက်ဖေးမှာ ရှိတဲ့ ရေကူးကန်ထဲကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

ထိုအချိန်တုန်းက ကားကိုမောင်းနှင်နေတဲ့ Mrs Smith ရဲ့ ပြောကြားချက်အရတော့ Mr Smith ဟာ ခွေးကို လီဗာ ပေါ်က ဖယ်ရှားဖို့ကြိုးစားပေမယ့်လည်း အချိန်မမှီတော့ပဲ ကားက ခြံစည်းရိုးတစ်ခုကို ချိုးဖျက်ပြီး ၀င်ရောက်သွားခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။ ရေကန်ထဲပြုတ်ကျသွားတဲ့ အချိန်မှာ ကားဟာ တစ်နာရီ မိုင် ၅၀ နှုန်းလောက်နဲ့ သွားနေတာဖြစ်တယ်လို့လည်း Mrs Smith ကဆိုပါ တယ်။

ရေကူးကန်ပိုင်ရှင် John McNamara ကတော့ သူတို့နေအိမ်ရေကန်ထဲကို ထိုကား ဘယ်လိုရောက်လာ တယ် ဆိုတာ ကို သူ ရှင်းပြပေမယ့်လည်း သူ့ရဲ့ မိန်းမကတော့ မယုံခဲ့ဘူးလို့ ဆိုပါတယ်။ ကံကောင်းစွာနဲ့ပဲ Mr Smith တို့ ဇနီးမောင်နှံ မှာ ဘာဒဏ်ရာမှ မရရှိခဲ့သလိုပဲ Caroline ကိုလည်း အပြစ်တင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

Ref: www.mirror.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment