Powered by Blogger.

အသက် ၁၀ဝ အထိ ကျန်းမာနေစေမယ့်နည်းလမ်း


ဆေးလိပ်မသောက်ပဲ ၊ တစ်နေ့ ကို ကော်ဖီ ၄ ခွက် ထက်ပိုမသောက်ပဲ နေခြင်းဟာ အသက် ၁၀ဝ အထိ ကျန်းမာနေစေမယ့်နည်းလမ်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ Gothenburg က သုတေသီတွေဟာ ၁၉၁၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အမျိုးသား ၈၅၅ ယောက်ကို နှစ် ၅၀ ကြာ ကျန်းမာရေးနဲ့ လူမှုနေ ထိုင်ရေး ဆိုင် ရာ တွေ လေ့လာခဲ့ကြပါတယ်။

 ထို အမျိုးသားတွေထဲက အယောက် ၁၀ဝ ခန့်ဟာ အသက် ၁၀ဝ ပြည့်သည်အထိ နေထိုင်သွားနီုင်ခဲ့ကြပြီး သူတို့ရဲ့ အသက်ရှ ည်အောင် နေထိုင်ခဲ့တဲ့နည်းလမ်း ကတော့ တူညီနေခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် အသက်ရှည်အောင် နေထိုင်ခြင်းဟာ သင့်ကို အသက် ၅၀ မှာ ကိုယ်ပိုင် အိမ်တစ်လုံး ပိုင် ဆိုင် နိုင်အောင် ပြုလုပ်ပေးနိုင် တယ်လို့လည်း သိရပါတယ်။

 ဒါကြောင့် လူလတ်ပိုင်းအရွယ်မှာ ကျန်းမာရေး ကောင်းအောင် နေထိုင်ဖို့က အရေးကြီးပါတယ်။ ထို အသက်ရှည်စေမယ့် နည်းလမ်းကို အနည်းငယ်ပဲ လိုက်နာခဲ့သူ ၂၇ ရာခိုင်နှုန်းဟာ အသက် ၈၀ အထိ ကျန်းမာ စွာနေထိုင်နိုင်ခဲ့ကြရပါတယ်။ ထို အသက် ၈၀ အထိ နေထိုင်ခဲ့ရတဲ့သူတွေဟာ သေဆုံးတဲ့အခါမှာ ၄၂ ရာခိုင်နှုန်းက နှလုံးရောဂါ ၊ ၂၀ ရာခိုင်နှုန်းက ကူးစက်ရောဂါ ၊ ၈ ရာခိုင်နှုန်းက ကင်ဆာ ရောဂါ ၊ ၆ ရာခိုင်နှုန်းက နူမိုးနီးယား ရောဂါတွေနဲ့ ကွယ်လွန်ခဲ့ကြတာကိုတွေ့  ရပါတယ်။ 

သူတို့ဟာ အသက်ရှည်စေမယ့်နည်းလမ်းကို အပြည့်အဝ လိုက်နာခဲ့ခြင်းမရှိသူတွေပဲဖြစ်ပါတယ်။ နှစ် ၅၀ ကြာလေ့လာခဲ့တဲ့ ထို သုတေသနကို ဦးတောင်ခဲ့တဲ့ ဒေါက်တာ Lars Wilhelmsen က ပြောကြားခဲ့ တာ ကတော့ ဆေးလိပ်မသောက်ခြင်း ၊ ကော်လက်စတရော ပမာဏ ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သုံးစွဲခြင်း နဲပ တစ်နေ့ကို ကော်ဖီ ၄ ခွက်ခန့်သာ သောက်သုံးခြင်း အားဖြင့် အသက် ၁၀ဝ အထိ အသက် ရှည်နေစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


Credit : http://www.dailymail.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment