Powered by Blogger.

နေ့စဉ် Aspirin သောက်သုံး ခြင်းဟာ သားအိမ်ခေါင်းကင်ဆာ ရောဂါ ဖြစ်ပွားနိုင်နှုန်းကို လျော့ကျစေ


နေ့စဉ် Aspirin တစ်လုံးစီ သောက်သုံး ခြင်းဟာ သားအိမ်ခေါင်း ကင်ဆာ ရောဂါ ဖြစ် ပွားနိုင်နှုန်း ကို လျော့ ကျစေတယ်လို့ လေ့လာမှု အသစ်တစ်ခု အရ သိရပါတယ်။ တစ်ပတ်ကို Aspirin ၇ လုံး သို့ မဟုတ် ၇ လုံး ထက် ပိုမို သောက်သုံးသူတွေဟာ သားအိမ်ခေါင်း ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်နှုန်း ၄၇ ရာခိုင်နှုန်းလျော့ ကျစေခဲ့တာကို အမေရိကန် ပြည်ထောင်စုမှာ ပြုလုပ်တဲ့ သုတေသန လေ့လာမှု တစ်ခုအရသိရပါတယ်။ 

သုတေသီတွေ ထပ်မံတွေ့   ရှိခဲ့ကြတာကတော့ အမျိုးသမီးတွေ ရဲ့ ထိုဆေးကို သောက်သုံးလာကြတဲ့ အချိန် အတိုင်း အတာနဲ့ သက်ရောက်မှု ပဲဖြစ်ပါတယ်။ ထို ဆေးကို ၅ နှစ် သို့မဟုတ် ၅ နှစ် အထက် မှာ သောက် သုံး ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ သားအိမ်ခေါင်း ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်နှုန်း ၄၁ ရာခိုင်နှုန်း အထိ လျော့ ကျ ခဲ့တာကို သုတေသီတွေက တွေ့  ရှိခဲ့ကြပါတယ်။

လူပြောများနေတဲ့ ပါရာစီတမော သို့မဟုတ် အစီတိုမီနိုဖန် ကတော့ သားအိမ်ခေါင်း ကင်ဆာရော ဂါ ဖြစ် ပွားနိုင်နှုန်း ကို လုံးဝလျော့ကျစေနိုင်မှာ မဟုတ်ပါဘူး။ Roswell Park Cancer Institute က ပရော်ဖက်ဆာ Kirsten Moysich နဲ့ သူ့ ရဲ့ အဖွဲ့ဝင်တွေဟာ သားအိမ်ခေါင်း ကင်ဆာရောဂါ ခံစားခဲ့ရတဲ့ လူနာ ၃၂၈ ယောက် နဲ့ ထိုရောဂါ မဖြစ်ပွားခဲ့တဲ့ ၁၃၁၂ ယောက်ကို သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Aspirin ဟာ ဘာကြောင့် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်နှုန်း ကိုလျော့ကျစေလည်း ဆိုတာကိုတော့ သုတေ သန မှာ ထည့်သွင်းလေ့ လာခဲ့ခြင်းမရှိခဲ့ပါဘူး။


Credit : http://www.dailymail.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment