Powered by Blogger.

အသက် ၁၁၁ နှစ်ပြည့်မွေးနေ့ကို ၀ီစကီသောက်ရင်းဖြတ်သန်းခဲ့တဲ့ ဗြိတိန် နိုင်ငံရဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်




ဗြိတိန် နိုင်ငံရဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဟာ သူ့ရဲ့ ၁၁၁ နှစ်ပြည့်မွေးနေ့ကို ၀ီစကီသောက်ရင်းပဲ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။

၁၉၀၄ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Nazar Singh ဆိုသူဟာ ကမ္ဘာစစ်ကြီး ၂ ခုရဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ပြီး ပထမဆုံး လကမ္ဘာပေါ် ခြေချတဲ့ အဖြစ်အပျက်တွေ ၊ Titanic သင်္ဘောနစ်မြုပ်တဲ့ အဖြစ်အပျက်တွေ ၊ ကာလာတယ်လီဗေးရှင်း တီထွင်ခဲ့တဲ့ အဖြစ်အပျက်တွေကို လည်း ကြုံခဲ့ရပြီးပါပြီ။

သူဟာ တစ်ကယ်တော့ ဗြိတိန် နိုင်ငံမှာ မွေးဖွားခဲ့သူတော့မဟုတ်ပါဘူး။ သူဟာ အိန္ဒိယ နိုင်ငံ ၊ Punjab မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ ဗြိတိန်နိုင်ငံသို့ပြောင်းရွှေ့လာကာ Walsall မြို့ရဲ့ သတ္တုရည်ကျို စက်ရုံမှာ ၂၅ နှစ်နီးပါး အလုပ်လုပ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာမှ ရာထူးကနေ အနားယူပြီး ဆန်းဒါးလန်း မြို့ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

သူအခုလို အသက်ရှည်စွာ နေထိုင်ရတာဟာ အိပ်ချိန်မှန်ခြင်း ၊ ကျန်းမာပျော်ရွှင်တဲ့ နေထိုင်မှုပုံစံ နဲ့ သူကြိုက်တဲ့ ၀ီစကီ ကြောင့်ဖြစ်တယ်လို့ Singh က ဆိုထားပါသေးတယ်။

ရာစုနှစ်တစ်ခုကို ဖြတ်သန်းလာခဲ့သူ Singh ဟာ ကလေး ၉ ယောက် ၊ မြေး ၃၄ ယောက် ၊ မြစ် ၆၄ ယောက် တို့နဲ့ အတူ နေထိုင်ပြီး သူ့ရဲ့ ဇနီးဖြစ်သူ Narajan Kaur ကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က အသက် ၉၀ အရွယ်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့ပါတယ်။

Singh ဟာ တစ်ခါမှ ခွဲစိတ်ကုသမှု မလုပ်ခဲ့ရဘူးသလို မူလသွားတွေအားလုံးလည်း ရှိနေသေးပြီး ကောင်းမွန်တဲ့ အကြားအာရုံခံ စနစ်လည်း ရှိနေသေးပါတယ်တဲ့။ သူဟာ နွားနို့ သောက်ရတာလည်းကြိုက်ပြီး သစ်သီးတွေလည်း ပုံမှန်စားသုံးသလို ညတိုင်း ၁၀ နာရီ ကြာအိပ်စက်တယ်လို့ လည်း သိရပါတယ်။


Singh ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့မှာ ဗြိတိန် ဘုရင်မကြီး Queen Elizabeth II ရဲ့ စာပေးပို့မှုကို ရခဲ့ပြီး အလုပ်နဲ့ ပင်စင်ဌာနကလည်း နှစ်စဉ်သူ့ရဲ့ ကျန်းမာရေးအခြေအနေတွေကို မေးမြန်းခဲ့ကြပါသေးတယ်။

လက်ရှိ ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ဟာ အမေရိကန် နိုင်ငံရဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ၁၁၆ နှစ် အရွယ်ရှိတဲ့ Jeralean Talley ဖြစ်ပြီး ဒုတိယ အသက်အကြီးဆုံးတွေကတော့ ဂျပန်နိုင်ငံက အသက် ၁၁၂ နှစ် အရွယ်ရှိကြတဲ့ Sakari Momori နဲ့ Yasutaro Koide တို့ပဲဖြစ်ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment