Copa America ပြိုင်ပွဲဝင် ဗင်နီဇွဲလား အသင်း အတွက် မိန်းကလေး အချို့ ၀တ်လစ်စလစ် ဗီဒီယို အရိုက်ခံ
ဗင်နီဇွဲလားနိုင်ငံမှာ ရှိတဲ့ အမျိုးသမီး သတင်းသမား အဖွဲ့ တစ်ဖွဲ့ဟာ ချီလီနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Copa America ဖလားမှာ သူမတို့ရဲ့ ဗင်နီဇွဲလားနိုင်ငံအတွက် အထောက်အကူဖြစ်စေဖို့ အားပေးတဲ့အနေနဲ့ ကိုယ်တုံးလုံးချွတ်ပြီး ဗီဒီိယို အရိုက်ခံခဲ့ကြပါတယ်။
၈ ယောက်ထက်မနည်းတဲ့ ရုပ်သံ အစီအစဉ် ကြေညာသူတွေဟာ တစ်ကိုယ်လုံး အ၀တ်အစားမပါပဲ ၀တ်လစ်စလစ် ပုံစံများနဲ့ ဗီဒီယို အရိုက်ခံသလို ဗင်နီဇွဲလား ဘောလုံး အသင်းသားတွေကိုလည်း Gladiators များလို့ တင်စားခေါ်ဝေါ်ခဲ့ကြပြီး အခြား အမျိုးသမီးတွေကိုလည်း သူတို့နဲ့ တူတူ ၀တ်လစ်စလစ် လာနေဖို့ ဖိတ်ခေါ်လိုက်ပါသေးတယ်။
ထို အမျိုးသမီးတွေအားလုံးဟာ တောင် အမေရိက Subsciption သတင်းဌာန ရဲ့ ၀က်ဘ်ဆိုက် က သတင်းကြေညာသူတွေဖြစ်ကြပြီး အခုလို ၀တ်လစ်စလစ် နဲ့ ဗီဒီိယို ရိုက်ကူးတာဟာ မိန်းမ တွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြသချင်တာဖြစ်တယ်လို့ လည်း ထို သတင်းကြေညာသူ အမျိုးသမီး တွေက ဆိုကြပါတယ်။
ထို ၀က်ဘ်ဆိုက်မှာပဲ အခြား အမျိုးသမီးတွေကိုလည်း ၀တ်လစ်စလစ် နဲ့ ဖန်တီးထားတဲ့ Content တွေ online မှာ တင်ကြဖို့တိုက်တွန်းထားပါသေးတယ်။ မနှစ်က ကမ္ဘာ့ဖလား မှာမှ စတင်ပြုလုပ်ခဲ့တဲ့ ထို ၀က်ဘ်ဆိုက်ဟာ အခုဆို သတင်းကြေညာသူ ၁၀ ယောက်ခန့် အထိ ရှိနေပါပြီ။
ဧပြီလတုန်းကလည်း သူတို့ရဲ့ ၀က်ဘ်ဆိုက်ကနေ Christiano Ronaldo အကြောင့် သတင်းတင်ဆက်စဉ်က အခြား သတင်းကြေညာ သူ တစ်ဦးက ၀တ်လစ်စလစ် နဲ့ ကပြခဲ့တာကို ရုံးတွင်း လုံခြုံရေး ကင်မရာက တစ်ဆင့်တွေ့မြင်ခဲ့ရပါတယ်။ ထို ၀က်ဘ်ဆိုက်ဟာ အသက် ၂၁ နှစ် အထက်တွေပဲ ကြည့်ခွင့်ရှိပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment