Powered by Blogger.

မိန်းကလေးကိုဝတ်ပြီး ချစ်သူကောင်မလေးအစား စာမေးပွဲဝင်ဖြေခဲ့တဲ့ အမျိုးသား ဒဏ်ငွေရိုက်ခံရ




အမျိုးသားတစ်ယောက်ဟာ မိန်းကလေး လို ၀တ်ဆင်ပြီး သူ့ချစ်သူကောင်မလေး အစား စာမေးပွဲ ၀င်ဖြေပေးခဲ့တဲ့အတွက် ဒဏ်ငွေ ရိုက်ခံခဲ့ရပါတယ်။

Ayan Zhademov လို့ခေါ်သူ အမျိုးသား ရဲ့ ချစ်သူကောင်မလေးဟာ ဥာဏ်ရည်ထုံထိုင်းပြီး သူမရဲ့ စာမေးပွဲကို ဖြေဆိုနိုင်စွမ်းမရှိခဲ့ပါဘူး။ သူမကိုလည်း စိတ် သက်သာရာ ရအောင် ဘယ်လိုမှ မလုပ်ပေးနိုင်တဲ့အတွက် အသက် ၂၀ ရှိနေပြီဖြစ်တဲ့ Ayan Zhademov ဟာ မိန်းကလေး အ၀တ်အစား တွေ ၀တ်ဆင်ပြီး အသက် ၁၇နှစ်အရွယ် ချစ်သူကောင်မလေး ရဲ့ စာမေးပွဲကို ကိုယ်စား ၀င်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကာဇက်စတန်နိုင်ငံ တောင်ပိုင်းက Zhetisai ဆိုတဲ့ မြို့က စာစစ် အဖွဲ့တွေဟာ Ayan က ယောင်္ကျားလေး တစ်ယောက်ဖြစ်တယ်ဆိုတာကို သူ့ရဲ့ အသံကို ကြားလိုက်မှ သိခဲ့ကြတာဖြစ်ပါတယ်။ ထိုစာမေးပွဲကတော့ တက္ကသိုလ် ၀င်တန်း စာမေးပွဲ တစ်ခုပဲ ဖြစ်ပါတယ်။

Aya ဟာ အသက် ၁၇ နှစ်အရွယ် ချစ်သူကောင်မလေးနဲ့ဆင်တူသွားအောင် မီးခိုးရောင် စကတ် ၊ အဖြူရောင် ဘလောက်စ် အကျီင်္ နဲ့ ဆံပင် အတု တို့ကို ၀တ်ဆင်ပြီး စာမေးပွဲသွားရောက်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

"အဲဒီလို ဖြေဆိုသူနေရာမှာ လူစားဝင်ဖြေနေရင်တောင် အခြား မိန်းကလေး တစ်ယောက်ပဲ ဖြစ်မယ်လို့ထင်ခဲ့တာပါ။ ယောကျာင်္း တစ်ယောက် က မိန်းမတစ်ယောက် အတွက် အစားထိုး ဖြေနေလိမ့်မယ်တော့ မထင်ခဲ့ပါဘူး။ သူစကားပြောမှ သတိထားမိခဲ့တာပါ" လို့ စာစစ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ထိုလုပ်ရပ်အတွက် Aya ဟာ ဒဏ်ငွေ စတာလင်ပေါင် ၁၄၀၀ ပေးဆောင်ခဲ့ရပါတယ်။ အခြား ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Dariga Nesterova ကတော့ ထို လုပ်ရပ်ဟာ ဥာဏ်နည်းပေမယ့် ကဗျာဆန်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ Zhetisai မြို့က လုပ်ငန်းရှင်တစ်ယောက်ကလည်း ထို ဒဏ်ငွေရဲ့ တစ်ဝက်ကို ပေးဆောင်ပေးချင်တယ်လို့ တောင်းဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment