Powered by Blogger.

ရဲယောင်ဆောင်ပြီး သူငယ်ချင်းကို ထောင်ထဲက ထွက်စေဖို့ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ




CCTV လုံခြုံရေး ကင်မရာ တစ်ခုကနေ ရိုက်ကူးထားခဲ့နိုင်တာကတော့ အမျိုးသား တစ်ယောက်ဟာ ရဲဝန်ထမ်းဝတ်စုံကို ၀တ်ဆင်ပြီး သူ့ရဲ့ သူငယ်ချင်းကို အကျဉ်းထောင်ထဲကနေ လွှတ်ပေးဖို့ ကြိုးစားခဲ့တဲ့ မြင်ကွင်းပါပဲ။

ထိုအမျိုးသားဟာ ထို ဧရိယာ မှာရှိတဲ့ အခြား ရဲစခန်းတစ်ခုမှာ လက်ထောက်ရဲ အရာရှိတစ်ယောက် ဖြစ်ခဲ့ဖူးပြီး သူဟာ သူ့ရဲ့ သူငယ်ချင်း တစ်ယောက် တရားမ၀င် လောင်းကစားမှု ကြောင့် အဖမ်းခံထားရတယ်လို့ ကြားသိခဲ့ရတာဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ ရဲ ယူနီဖောင်းအဟောင်းကို ပြန်လည်ဝတ်ဆင်ခဲ့ပြီး သူ့သူငယ်ချင်းကို လွှတ်ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လည်း သူ့သူငယ်ချင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းကတော့ မှားယွင်းနေခဲ့ပါတယ်။

ထို လုံခြုံရေး ကင်မရာထဲမှာတော့ ထို အမျိုးသားဟာ တရုတ်နိုင်ငံ ၊ Zhejiang စီရင်စု မှာ ရှိတဲ့ ရဲစခန်းထဲကို လမ်းလျှောက်ဝင်လာပြီး အခြား ရဲအရာရှိတွေနဲ့ သူ့သူငယ်ချင်းကို လွှတ်ပေးဖို့ အကြောင်းတွေ လိမ်ညာ ပြောဆိုနေခဲ့ပါတယ်။

အဲဒီနောက်မှာလည်း ရဲစခန်းအပြင်မှာ ရှိတဲ့ အခြားဝန်ထမ်းတွေကိုပါ စကားဆက်ပြီးပြောဖို့ကြိုစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အယောင်ဆောင် လိမ်လည်နေမှုဟာ ချက်ချင်း ပေါ်သွားခဲ့ပြီး အဲဒီ ရဲစခန်းမှာ ပဲ ချက်ချင်း အဖမ်းခံခဲ့ရပါတယ်။

ထို အမျိုးသားဟာ အကျဉ်းထောင်ထဲမှာ ၅ ရက်တိတိ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ တစ်ကယ်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက် အဖမ်းခံလိုက်ရတယ်ဆိုတာဟာလည်း ကောလာဟလ တစ်ခုသာ ဖြစ်ခဲ့ပါတော့တယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment