Powered by Blogger.

၁၅ ယောက်မြောက်ကလေး ရဲ့ ဖခင်ဖြစ်လာတဲ့ အသက် ၈၅ နှစ်အရွယ် အဖိုးအို




အသက် ၈၅ နှစ်ရှိနေပြီဖြစ်တဲ့ အဖိုးအို တစ်ဦးဟာ ၁၅ ယောက်မြောက် ကလေးရဲ့ ဖခင် ဖြစ်လာခဲ့ပြန်ပါတယ်။

Abdullah Sevinc လို့ခေါ်တဲ့ အဖိုးအိုဟာ သူ့ရဲ့ အသက် ၄၆ နှစ်အရွယ် ဇနီးသည်နဲ့ အတူ တူရကီနိုင်ငံ ဗန် မြို့တော်မှာ ယောကျာင်္းလေး အမြွှာပူးလေး ၂ ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Abdullah Sevinc ရဲ့ အရင် ဇနီးသည်ဟာ သူနဲ့ အတူ ကလေး ၁၀ ယောက်ရခဲ့ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၆ နှစ်ခန့် အကြာ လွန်ခဲ့တဲ့ ၉ နှစ်က Sevinc ဟာ Hanifa Abdullah Mihrinaz ဆိုသူ အမျိုးသမီး နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

Hanifa Abdullah Mihrinaz နဲ့လည်း သူဟာ သား ၂ ယောက်နဲ့ သမီး ၁ ယောက်မွေးဖွားထားပါသေးတယ်။ အရင်အိမ်ထောင်နဲ့က ကလေး ၁၀ ယောက် လက်ရှိ အိမ်ထောင်နဲ့က ကလေး ၃ ယောက်ရှိနေတဲ့အချိန်မှာ အမြွှာကလေး ၂ ယောက်ကို ထပ်မံ ရရှိလိုက်တဲ့အတွက် Abdullah Sevinc ဟာ စုစုပေါင်း ကလေး ၁၅ ယောက်ရဲ့ ဖခင်ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

"ဘုရားသခင်ရဲ့ဆန္ဒပါ။ကျွန်တော် အမြွှာလေးရလာမယ်လို့ မမျှော်လင့်ထားပါဘူး။ ကျွန်တော် အသက်ကြီးနေပါပြီ ဒါပေမယ့် ကျန်းမာရေးကောင်းပါသေးတယ်။ နည်းနည်းတော့ရှက်မိပေမယ့် ကျွန်တော် လုပ်နိုင်တာ ဘာမှ မရှိခဲ့ပါဘူး။ ဒါပြီးရင်တော့ ကလေး ထပ်ယူဖို့ အစီအစဉ် မရှိတော့ပါဘူး။ ၁၅ ယောက်ဆိုတာဟာ လုံလောက်သွားပါပြီ" လို့ Abdullah Sevinc က ဆိုထားပါတယ်။

အသက်ကြီးမှ ကလေးရတာဟာ တစ်ကယ်တော့ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ နာမည်ကြီး အနုပညာရှင်တွေထဲမှာလည်း အသက် ၆၁ နှစ်မှ ကလေးရတဲ့ Paul McCartney ၊ အသက် ၆၆ နှစ်မှ ကလေးရတဲ့ Rod Stewart နဲ့ အသက် ၇၂ နှစ်မှ ကလေးရတဲ့ Rupert Murdoch တို့လည်း ရှိခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment