Powered by Blogger.

တိရိစ္ဆာန်ရုံ ထဲ ခိုးဝင်ပြီး ကျားသစ်ကို စနောက်ခဲ့တဲ့ အမျိုးသား အဖမ်းခံခဲ့ရ




အမျိုးသား တစ်ဦးဟာ ကျားသစ် လှောင်အိမ် တစ်ခုစီကို တရားမ၀င် ချဉ်းနင်း ၀င်ရောက်လာပြီး ကျားသစ် ကို စနောက်ခဲ့တဲ့အတွက် အဖမ်းခံလိုက်ရပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Areeb Taha Medhdi ဟာ တိရိစ္ဆာန် ရုံ စောင့် ပုဂ္ဂိုလ်ကို ပိုက်ဆံပေးပြီး သူ့ကို သီးသန့်ကြည့်ရှုခွင့်ပေးဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

သူနဲ့ အတူလိုက်ပါလာတဲ့ သူ့ရဲ့ သူငယ်ချင်းက Medhdi တစ်ယောက် ကျားသစ်ကို သံတိုင်တွေကြားကလှမ်းပြီး စနောက်နေတဲ့ ပုံတွေကို ဗီဒီယို ရိုက်ကူးပေးထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက် အဲဒီ ဗီဒီယို ကို အင်တာနက်ပေါ်တင်လိုက်တဲ့အခါမှာတော့ ဒါကို တိရိစ္ဆာန် ရုံ တာဝန်ရှိသူတွေက တွေ့ရှိသွားပြီး ရဲကို တိုင်ကြားခဲ့တာပဲဖြစ်ပါတယ်။

ရဲ တပ်ဖွဲ့ဝင်တွေဟာ Medhdi ကို ဖေ့ဘွတ်ခ် အကောင့်ကတစ်ဆင့် ရှာဖွေကာ အိန္ဒိယ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေး ဥပဒေ အရ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ထို အဖြစ်အပျက်တွေကတော့ အိန္ဒိယ နိုင်ငံ အရှေ့ပိုင်းက Hyderabad မြို့မှာရှိတဲ့ Nehru Zoological Park မှာ ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဖမ်းခံရပြီးတဲ့အခါမှာတော့ Medhdi က သူဟာ တိရိစ္ဆာန်တွေနဲ့ ချိတ်ဆက်နိုင်သူတစ်ယောက် ဖြစ်ကြောင်း Discovery အစီအစဉ် ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်ပြီး တိရိစ္ဆာန်တွေကို ကိုင်တွယ်ချင်ခဲ့မိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာလဲ အိန္ဒိယ မှာပဲ Fazal Sheikh ဆိုတဲ့ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ လိပ်လှောင်အိမ်ထဲ ခိုးဝင်ပြီး ဓါတ်ပုံ ရိုက်ကာ ဖေ့ဘွတ်ခ် ပေါ်မှာ ဓါတ်ပုံတင်ခဲ့တဲ့အတွက် Bahadurpura မြို့ခံ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ရဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment