Powered by Blogger.

ရက်ကွန်လေးတစ်ကောင် ရေချိုမိကျောင်းရဲ့ ကျောပေါ်မှာ လိုက်ပါစီးနင်းနေပုံကို အမိအရ ဓါတ်ပုံရိုက်ကူးနိုင်ခဲ့




Ocala အမျိုးသားဥယဉ်အတွင်း အလည်အပတ်သွားလာခဲ့တဲ့ ဖလော်ရီဒါဒေသခံ လူတစ်ယောက်ဟာ ရက်ကွန်လေး (raccoon) တစ်ကောင် ရေချိုမိကျောင်းတစ်ကောင်ရဲ့ ကျောပေါ်မှာ လိုက်ပါစီးနင်းနေတဲ့ ထူးခြားတဲ့ပုံကို အမိအရ ဓါတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။

Palatka မှ Richard Jones ဆိုသူဟာ သတင်းမီဒီယာ ခုနှစ်ခုကို တနင်္ဂနွေနေ့က သူနဲ့ သူ့မိသားစုဟာ Oaklawaha မြစ်ထဲက ရေချိုမိကျောင်းတွေကို ရှာဖွေကြည့်ရှုနေခဲ့ကြောင်း ပြောပြထားပါတယ်။ အဲဒီအချိန်မှာပဲ သူ့သားငယ်လေးဟာ ရက်ကွန်တစ်ကောင်ဟာ ပုန်းနေရာမှ ထွက်လာတာကို အမှတ်မထင် တွေ့ရှိခဲ့တာပါ။

သူ့ကို ကြည့်ရတာ အိပ်ပျော်နေရာက နိုးလာပြီး ရေတွေဘက်ကို ပြေးသွားပြီး ကျွန်တော်တို့ကြည့်နေတဲ့ မိကျောင်းရဲ့ ကျောပေါ်ကို ခုန်တက်သွားတယ်လို့ Fisrt Coast သတင်းဌာနကို ပြောကြားသွားပါတယ်။

 မိကျောင်းက ရေထဲကို ငုတ်ဆင်းခါနီး ရက်ကွန်ကျောပေါ်က ပြန်ခုန်ချပြီး ထွက်ပြေးမသွားခင် ဒီပုံကို ကံကောင်းစွာနဲ့ အမိအရရိုက်ကူးနိုင်ခဲ့တာပါလို့ ပြောကြားခဲ့ပါသတဲ့။

တခြားသူတွေလည်း ဒီပုံကို ကြည့်ချင်ကြမယ်ထင်လို့ ဒီပုံကို Share ချင်တာဖြစ်ကြောင်း Jones က ပြောခဲ့ပါတယ်။

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment