Powered by Blogger.

Time Machine နဲ့ အစမ်းသပ်ခံဖို့ လက်ခံနိုင်စွမ်းရှိတဲ့ လူတစ်ယောက်လိုအပ်နေ


Back to the Future ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ Time Machine


အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ တီထွင်ဖန်တီးမှု အသစ် တစ်ခုဖြစ်တဲ့ အချိန်ယန္တရား (Time Machine) အတွက် ဝေမျှချင်တဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ ကြေညာစာ တွေ ထုတ်ပြန်ခဲ့ပါတယ်။

ထို ကြေညာစာ ကို Gumtree မှာ ပြသထားခဲ့ပြီး သူမအခုလို လူ တစ်ယောက်ရှာဖွေရတာဟာ သူမ တီထွင်ထားတဲ့ အချိန် ယန္တရား ကို အသုံးပြုပြီး ပထမဆုံး လူသား နဲ့ စမ်းသပ်ချင်လို့ပဲ ဖြစ်ပါတယ်။ အခု အဖြစ်အပျက်ဟာ ၁၉၈၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Back to the Future ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလိုပါပဲ။

ထို ရှာဖွေနေတဲ့ အမျိုးသမီး ရဲ့ ပြောကြားချက်အရ သူမတီထွင်ထားတဲ့ အချိန်ယန္တရား နဲ့ အတူ ကြွက်တစ်ကောင် ကို စမ်းသပ် ပို့ကြည့်ပြီးပြီ ဖြစ်ပေမယ့် ထိုကြွက်ဟာ အနာဂတ် ကို ရောက်သွားသလား အတိတ် ကို ရောက်သွားသလား ဆိုတာ ကို မသိခဲ့ရဘူးလို့ သူမ က ဆိုပါတယ်။

အခု တစ်ကြိမ်မှာတော့ သူမဟာ လူသားတစ်ယောက်ကို စမ်းသပ်ကြည့်ချင်နေတဲ့အတွက် "လူသားဆန်တဲ့စိတ်ရှိပြီး လက်ခံနိုင်စွမ်းရှိတဲ့ အမျိုးသား(သို့) အမျိုးသမီး" တစ်ယောက်ကို လိုချင်နေတာပဲ ဖြစ်ပါတယ်။ 

ဗြိတိန်နိုင်ငံ ၊ Devon ခရိုင် ၊ Exminster ကျေးရွာမှာရှိတဲ့ အမျိုးသမီးဟာ သူမရဲ့ ဂိုဒေါင် အတွင်းမှာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းက ပဲ ထို အချိန်ယန္တရား စက်အတွက် ဒီဇိုင်းပြုလုပ်ရေးဆွဲနေခဲ့တယ်လို့ဆိုပါတယ်။

"ကျွန်မ ကြွက်တစ်ကောင်ကို ပျောက်ကွယ်သွားအောင်လုပ်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူတို့ဟာ အချိန်တွေကို အရှေ့ကျော်ပြီး ရောက်သွားတာလား အနောက်ပြန်ပြီး ရောက်သွားတာလားဆိုတာတော့ မသိခဲ့ရပါဘူး" လို့ သူမက ဆိုပါတယ်။ ထို စက်ကို အသုံးပြုတဲ့အခါမှာတော့ မလိုအပ်တဲ့ ထိခိုက်မှု တွေမဖြစ်စေဖို့ ကမ်းခြေလိုမျိုး ကျယ်ပြန့်တဲ့ နေရာတွေမှာ အသုံးပြုမှ ရနိုင်မယ်လို့လည်း သူမက ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment