Powered by Blogger.

ဆပ်ပြာရည်နဲ့ ၀ိုင် နဲ့ မှားပြီးသောက်မိတဲ့ အမျိုးသား သေဆုံး




Cafe ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင် ဟာ စားသုံးသူ တစ်ယောက်ကို ပန်းကန်ဆေး ဆပ်ပြာရည်တွေနဲ့ ၀ိုင်နဲ့မှားပြီးချပေးမိတဲ့နောက် ထို စားသုံးသူ သေဆုံးခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင် ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စပိန် နိုင်ငံ က ရဲတပ်ဖွဲ့တွေဟာ Andres Lorente လို့ အမည်ရတဲ့ ထိုစားသုံးသူ သေဆုံးတဲ့ အမှုကို စုံစမ်းစစ်ဆေး နေကြပါတယ်။ ထို စားသုံးသူဟာ ရေခဲ့သေတ္တာ ထဲက ၀ိုင်ပုလင်းအလွတ်ထဲထည့်ထားတဲ့ ဆပ်ပြာရည်တွေကို သောက်သုံးမိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၀ အရွယ်ရှိနေပြီဖြစ်တဲ့ Andres Lorente က ၀ိုင် အဖြူ မှာ သောက်ခဲ့တာဖြစ်ပြီး ဆိုင်က အရောင်မရှိတဲ့ ဆပ်ပြာရည်နဲ့ မှားယွင်းပြီး ၀န်ဆောင်မှု ပေးခဲ့တာပါ။

ကလေး ၂ ယောက်ရဲ့ ဖခင်ဖြစ်တဲ့ Andres ကို စပိန် အရှေ့ပိုင်း ၊ Benircarlo မြို့မှာ ရှိတဲ့ အမည်မရှိတဲ့ Cafe ကနေ အရေးပေါ် လူနာတင်ယာဉ်နဲ့ ဆေးရုံ ကို အလျင်အမြန် ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ လေပြွန် ၊ လည်ချောင်း နဲ့ အစာအိမ် စတဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကို လောင်ကျွမ်းသွားခဲ့တာ ပဲ ဖြစ်ပါတယ်။
ပြည်တွင်း မြို့ပြ လုံခြုံရေး အရာရှိတွေကတော့ ထို Cafe ဘား ရဲ့ ပိုင်ရှင် ကို ဖမ်းဆီးခဲ့ပြီး လိုအပ်တဲ့ မေးခွန်းများကို မေးပြီးတဲ့နောက် အာမခံ နဲ့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ ထို ဘားဟာလည်း ပြသနာ ဖြစ်ပြီးတဲ့နောက် ခဏတာ ပိတ်ထားပြီး ဆပ်ပြာရည်တွေ ပါဝင်တဲ့ ၀ိုင်ပုလင်းကိုလည်း ကျွမ်းကျင်သူတွေ စစ်ဆေးဖော်ထုတ်ဖို့ ယူဆောင်သွားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment